ငါးဘတ်ခေါင်းနှင့်မန်ကျည်းစိမ်းရည်အချဉ်ချက်

ငါးဘတ်ခေါင်းကြီးကြီး...........၂ခု
ကြက်သွန်နီ......................၁လုံး
ကြက်သွန်ဖြူ......................၅တက်
ကိုင်းခရမ်းချဉ်သီးမှည့်............ ၃လုံး
မန်ကျည်းသီးစိမ်းရင့်ရင့်..........၅တောင့်
နံနံပင်.............................၁စည်း
ငရုတ်သီးစိမ်း....................၅တောင့်
ကုလားအော်သီး(ခ)အာဝါးသီး.၃တောင့်
ပထမဆုံးအသားပါအောင်ခုတ်ထားတဲ့ငါးဘတ်ခေါင်းနှစ်ခုကိုရေဆေးသန့်စင်ပြီးထက်ခြမ်းပိုင်းပါ။
ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာနယ်ပြီးနှပ်ထားပေးပါ။
ထိုစဉ်အချိန်အတွင်းမန်ကျည်းသီးစိမ်းကိုရေအနည်းငယ်နှင့်ပျော်အောင်ပြုတ်ပေးပြီးအရည်လေးကိုသာစစ်ယူထားပါ။
ကြက်သွန်နီနှင့်ကြက်သွန်ဖြူ ကိုခပ်ကြမ်းကြမ်းလေးထောင်းပါ။
ကိုင်းခရမ်းချဉ်သီးမှည့် ကိုလေးစိတ်လှီးပါ။ငရုတ်သီးစိမ်းတွေကိုအညှာခြွေပြီးနံနံပင်တွေကိုသန့်စင်ထားပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားတဲ့ကြက်သွန်အရောကိုနနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်တို့နှင့်ဆီသတ်ပါ။
အနည်းငယ်မွှေးလာလျှင်ကိုင်းခရမ်းချဉ်သီးတွေထည့်ပါ။(ကိုင်းခရမ်းချဉ်သီးတွေကိုကြေအောင်မမွှေရ)
ခရမ်းချဉ်သီးတွေအနည်းငယ်မွှေးလာပြီဆိုတာနှင့်အရသာနယ်ထားတဲ့ငါးဘတ်ခေါင်းနှင့်ငရုတ်သီးစိမ်းတွေကိုထည့်ပါ။
လုံးတဲ့ပုံစံဖြင့်သမသွားအောင်(၃)မိနစ်ခန့်ဖြည်းညင်းစွာမွှေပေးပါ။
ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။
စစ်ထားတဲ့မန်ကျည်းသီးအစိမ်းရည်လေးကိုဘေးပတ်လည်ကနေလောင်းထည့်ပေးပါ။
မန်ကျည်းရည်ထည့်ပြီးချိန်ကစပြီးမီးရှိန်လျှော့ချပါ။အဖုံးပိတ်ထားပါ။(လုံးဝမမွှေရပါ)
(၁၀)မိနစ်ခန့်ထိုပုံစံဖြင့်နှပ်ချက်ထားပြီးမှအဖုံးဖွင့်ကာနံနံပင်တွေအုပ်ပေးပါ။
ထမင်းပူပူလေးမှာ ချို ၊ချဉ်လေးဆမ်း၊နှပ်ပြီးအချဉ်ရည်ပြည့်ဝနေတဲ့ငရုတ်သီးစိမ်းလေးတွေနဲ့နယ်ဖတ်စားရင်တော့ဖြင့်ထမင်းမြိန်စေအုံးမှာပါ။
ဟင်းချက်နည်းများ
Credit : Facebook Shares
Ingredients
Directions