ငါးဖောင်ရိုးအစို ချဉ်စပ်ချက်နည်း
-ငါးဖောင်ရိုးကို အကြေးထိုး၊ခေါင်းဖြတ်၊အူထုတ်၊ သန့်စင်ရေဆေးပြီး ဆား၊နနွင်းမှုန့်၊ငံပြာရည်အချို တို့နဲ့နယ်ထားပါ။
ချဉ်စော်ကားသီးကို ရေနည်းနည်းနဲ့ပြုတ်ထားပါ။
(မန်ကျည်းသီးမှည့်ကိုသုံးလည်းရပါတယ်)
-ဂျင်း၊ကြက်သွန်ဖြူ +နီ ၊ ငရုတ်သီးစိမ်း ၊ ငရုတ်သီးခြောက်တို့ကိုရောထောင်းပါ။
-အိုးထဲကို ဆီနည်းနည်းထည့်ပြီး ဆီပူလာရင် ငရုတ်သီးဆီသတ်ပါ။
အနံ့မွှေးပြီး ငရုတ်သီးခြောက်လာရင် ငါးထည့်မွှေပါ။
-လက်ဆေးရည်လေးထည့်ပြီး အဖုံးအုပ်တည်ပါ။
ရေခမ်းရင် ချဉ်စော်ကားသီးရည် ထည့်ပါ။
-အရည်ဆူလာရင် အပေါ့အငံမြည်းပြီး ပင်စိမ်းရွက်အုပ်လိုက်ပါ။
ပင်စိမ်းရွက်အစား နံနံပင်၊ရှမ်းနံနံတို့ကိုသုံးနိုင်ပါတယ်။
Credit: အန်တီလော်ရာရဲ့ဟင်းချက်နည်းများ
Credit : Facebook Shares
Ingredients
Directions