ငါးဖယ်ရဲယိုရွက်ပေါင်း

1

ငါးဖယ်ရဲယိုရွက်ပေါင်း

ငါးဖယ် ၁၀သား
ရဲယိုရွက် ၃ရွက်
ဆား ၂ဇွန်း
သကြား ၂ဇွန်း
ပြောင်းကော်မှုန့် ၁ဇွန်း(ထမင်းစားဇွန်း)
ကြက်သွန်ဖြူ ၁၀မွှာ
ဂျင်း လက်၂ဆစ်
နှမ်းဆီမွှေး အနည်းငယ်
ငရုတ်ကောင်း ။
ပဲငံပြာရည်အနောက် ၁ဇွန်း
ခရုဆီ ၂ဇွန်း

ငါးဖယ်ကို ဆား/သကြား/ငရုတ်ကောင်း/နှမ်းဆီမွှေး/ကြက်
သွန်ဖြူ/ဂျင်းထောင်းရည်နှင့် ပြောင်းကော်မှုန့် ၁ဇွန်း ထည့်ပြီး
စေးအောင်နယ်ပြီးနှပ်ထားပါ။အိုးတစ်လုံးထဲမှာရေထည့်ရေဆူလျှင်ဆားအနည်းငယ်ထည့်ပြီးရဲယိုရွက်ကို၁မိနစ်၂မိနစ်လောက်စိမ်ပြီး ရေအေးအေးထဲနှစ်ကာ ရေစစ်ထားပါ။
ရေကုန်အောင်ညှစ်ပြီးငါးဖယ်ထည့်လိပ်ပြီးလှီးပါ။ဇကာပါပေါင်းအိုးထဲ အလိပ်လေးတွေစီထည့်ပါ၊အောက်အိုးထဲကိုရေထည့်ပါ ရေဆူလျှင်ကြက်သွန်ဖြူ၂မွှာဂျင်း၂ဝိုင်းခန့်ထည့်ပြီးဇကာတင်၍ ၁၅/၂၀မိနစ်ခန့်ပေါင်းပါ။
ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ ၅မွှာ နုတ်နုတ်စင်းပြီး ဆီသတ်ပါ။
ပဲငံပြာရည် အနောက် သကြား ခရုဆီ ငရုတ်ကောင်း ထည့်ပါ။
ရေ အနည်းငယ်ထည့်ပါ။ဆူလာလျှင်ပေါင်းထားသောရဲယိုထုပ် များထည့်ပြီး၂မိနစ်ခန့်ထားပြီးချကာနီးနှမ်းဆီမွှေး၂စက်ခန့်ထည့်ကာ ရပါပြီ။
စား/ချက်က ညီမလေး၁ယောက် လိပ်တဲ့ပုံစံလေးကို ယူသုံး
ထားတာပါရှင်။

ချက်ကြည့်ကြစို့

Credit : Facebook Shares

Ingredients

Directions