ငါးဖယ်ဆီပြန်

ငါးဖယ်ဆီပြန်..

1

ငါးဖယ်ကို ဆား၊ကြက်သားမှုန့်၊နနွင်းမှုန့် အနည်းငယ်တို့ဖြင့်ရောနယ်ပြီး

ညက်အောင်ထောင်းထားသောဂျင်း၊ကြက်သွန်ဖြူ တို့နှင့်အတူ

ငါးဖယ်ကို အနည်းငယ်မာသည် အထိထောင်းကာ သင့်ရုံအပြားလေးများပြုလုပ်ပြီး ကြော်ထားပါ။

ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊စပါးလင်၊ဂျင်းနှင့် ငရုတ်သီးခြောက် တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းမှုန့် အနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးလာပါက ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့် ပြီးမွှေပေးပါ။

ပြီးလျှင်ငါးပိစိမ်းစားအနည်းငယ်ကို အရည်ဖျော်ပြီး ထည့်ပါ။

ငါးပိနံ့ ပြောက်ပြီး ခရမ်းချဉ်သီး ကြေလာလျှင် ကြော်ထားသော ငါးဖယ်များကိုထည့်ပြီးမွှေပေးပါ။

ရေအနည်းငယ်ထည့်ကာ ဆီပြန်လာသည် အထိတည်ထားပါ။

ဆီပြန်လာပါက အပေါ့၊အငံ မြည်းကာ နံနံပင် နှင့်ငရုတ်သီးစိမ်းအုပ်ကာ ငါးဖယ်ဆီပြန်ဟင်းလေး သုံးဆောင်လို့ ရပါပြီ။

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions