ငါးဖယ်ခြစ်အစိမ်းချက်နည်း

1

ငါးတွေကိုအစိမ်းချက်ရင်ညှီတယ်လို့အချိုတွေကညည်းကြတယ်

တကယ့်နည်းစနစ်မှန်ကန်စွာချက်ပြုတ်မယ်ဆိုမညှီတဲ့အပြင်သန့်ရှင်းလတ်ဆတ်တဲ့အရသာကိုပါရရှိခံစားနိူင်သလို ကျန်းမာရေးနဲ့လည်းပိုပြီးသင့်လျော်လှပါတယ်။

ငါးဖယ်ခြစ်.................၁၀ကျပ်သား

ကြက်သွန်နီ.................၁လုံး

ကြက်သွန်ဖြူ................၅တက်

ခရမ်းချဉ်သီး................. ၅လုံး

ငရုတ်သီးစိမ်း............ ... ၅တောင့်ခန့်

နံနံပင်..........................အနည်းငယ်

ငါးဖယ်ခြစ်ကိုစတီးဇလုံတစ်ခုအတွင်းထည့်ပါ။

ကြက်သွန်ဖြူနှစ်တက်လောက်နှင့်နံနံပင်အနည်းငယ်ကိုနုပ်နုပ်စဉ်းပြီးထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီးနယ်ပါ။နယ်နေရင်းလက်နဲ့ဆုပ်ကိုင်ပြီးဇလုံထဲသို့ပေါက်ချပေးပါ။
(ဒီလိုရိုက်နယ်မှသာငါးဖယ်အသားလေးတွေကျစ်ခဲသွားမှာပါ)

ဆီ (သို့ )ရေ (သို့)ငံပြာရည်လေးလူးပြီးမိမိနှစ်သက်သလိုပုံစံလေးပြုလုပ်ပါ။

ကြက်သွန်ဖြူ နှင့်ကြက်သွန်နီကိုရောထောင်းပါ။

ခရမ်းချဉ်သီး ကိုပါးပါးလှီးပြီးငရုတ်သီးစိမ်းကိုထက်ခြမ်းခွဲပါ။

ထောင်းထားသောအရောကိုဆီအနည်းငယ်နှင့်အတူဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင်နနွင်းနှင့်အရောင်တင်မှုန့်ထည့်ပါ။ ခရမ်းချဉ်သီးတွေထည့်ပြီးအဖုံးခေတ္တအုပ်ပေးထားပါ။

ဆား(သို့)ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်ပေးပါ။

ရေခမ်း၊ဆီပြန်လာလျှင်နှံ့အောင်မွှေပေးပြီးရေအနည်းငယ်လိုက်ပေးပါ။

ပုံစံယူပြုလုပ်ထားတဲ့ငါးဖယ်ခြစ်ပြား(သို့) ငါးဖယ်ဆုပ်လေးတွေထည့်ပါ။ ထက်ခြမ်းခွဲထားတဲ့ ငရုတ်သီးစိမ်းတွေထည့်ပါ။

ကျက်ပြီဆိုတာနဲ့မီးဖိုပေါ်မှချပါ။

( ငါးဖယ်ထည့်ပြီးအကြာကြီးမချက်ပြုတ်သင့်ပါ)

နံနံပင်လေးအုပ်ပေးပါ။

Credit : Facebook Shares

Ingredients

Directions