ငါးပိကောင်နှင့်မန်ကျည်းရွက်ချဉ်စပ်ချက်နည်း

1

ငါးပိကောင်.............၂၀ ကျပ်သား

မန်ကျည်းရွက်...........၅ကျပ်သား

ကြက်သွန်နီ.............. ၁လုံး

ကြက်သွန်ဖြူ............... ၅တက်

ငရုတ်ခြောက်တောင့်......၇တောင့်ခန့်

ခရမ်းချဉ်သီးမှည့်............၂လုံး

ငါးပိကောင်တွေကိုအနေတာ်တုံးပြီး ရေနွေးလေးဖြင့်ဆေးကာရေစစ်ထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးခြောက်တောင့်တွေကိုညှက်နေအောင်ထောင်းပါ။

ခရမ်းချဉ်သီးမှည့်ကိုပါးပါးလှီးပါ။

ဒယ်အိုးတစ်လုံးမှာထောင်းထားတဲ့ကြက်သွန်၊ငရုတ်သီးအရောကိုထည့်ပါ။

နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ဟင်းခတ်မှုန့်၊ ငါးငံပြာရည်ဖြည့်စွက်ကာခရမ်းချဉ်သီးတွေအုပ်ထည့်ပေးပါ။

ဒယ်အိုးပတ်လည်ကိုဆီအနည်းငယ်ကိုလောင်းထည့်ပြီး မီးရှိန်အေးအေးမှာ အဖုံးပိတ်ပြီးချက်ပါ။

ရေခမ်းဆီပြန်လာလျှင်ရေဆေးထားတဲ့ငါးပိကောင်တွေထည့်ပြီးသစ်သားယောင်းမလေးနှင့်မွှေပေးပါ။

ရေအနည်းငယ်ဖြည့်စွက်ပြီးငါးပိကောင်ကျက်သည်အထိချက်ပါ။

ရေခမ်းလာပြီဆိုရင်မန်ကျည်းရွက်လေးတွေထည့်မွှေပြီးလုံးချက်လေးချက်ပါ။

ရေခပ်စပ်စပ်အနေအထားမှာမီးဖိုပေါ်မှချပါ။

Credit : Facebook Shares

Ingredients

Directions