ငါးနီတူအချိုကြော်

ငါးနီတူအချိုကြော်..

1

ငါးနီတူကိုရေဆေးပြီး ရေစစ်ထားပါ။

( ယင်မနားစေရန် ပိုးသတ်ဆေးများသုံးတတ်၍ရေဆေးခိုင်းခြင်းဖြစ် )

ကြက်သွန်အဖြူအနီပါးပါးလှီးထားပေးပါ။

ပါးပါးလှီးထားသောကြက်သွန်ကို ဆနွင်းအနည်းငယ်ထည့်ထားသော ဆီပူပူမှာ ရဲရုံသာကြော်ပြီးဆယ်ကာဆီစစ်ထားပေးပါ။

ပါးပါးလှီးထားသောကြက်သွန်ဖြူကိုလည်းအပေါ်မှနည်းအတိုင်းဆီစစ်ယူထားပေးပါ။

နောက်ဆုံးမှ ငါးနီတူခြောက်ကိုကြွပ်နေအောင်ကြော်ပြီးဆီစစ်ထားပေးပါ။

ထို့နောက် သူတို့ ၃မျိုးကိုရောပြီး မီးအေးအေးဖြင့် အိုးထဲထည့်ပြီးနောက် ဆားအနည်းငယ် သကြားအနည်းငယ် အချိုမှုန့်အနည်းငယ်ထည့်ကာ ၅မိနစ်ခန့်မွှေပေးပါ။ ဒါတွေအကုန်လုပ်ပြီးရင် ငါးနီတူအချိုကြော်ရပါပြီ။

အစပ်စားလိုသူများ ငါးနီတူကြော်ပြီးနောက် ငရုတ်အကြမ်းဖက်အမှုန့်ကိုမီးအေးအေးဖြင့်ဆီသတ်ပြီးနောက်မှ ၃မျိုးအရောကိုထည့်ပြီးမွှေပေးပါ။ ဒါဆို ငါးနီတူအစပ်ကြော်ဖြစ်သွားပါပြီနော်။

( မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။ )

Credit : (Facebook Share)

Ingredients

Directions