ငါးထမင်းနယ်နည်း

1

ငါးရံ့ - ၃၀သား

ထမင်း - ၆ ယောက်စာ (အအေးခံထားပါ)

ခရမ်းချဉ်သီး - ၁၈ လုံး (ပြုတ်ထားပါ)

အာလူး အကြီး - ၃ လုံး (ပြုတ်ထားပါ)

ဂျင်း - လက်တဆစ် (ထုထားပါ)

ကြက်သွန်ဖြူ - ၅ မွှာ (ဓါးပြား ရိုက်ထားပါ)

ဆား - အနည်းငယ်

ပဲပုတ်ချပ် - ၂ ချပ် (မီးကင်၍ အမှုန့်ဖြစ်အောင် ထောင်းထားပါ)

ကြက်သွန်ဖြူဆီချက်

ငရုတ် အကျက်မှုန့် ဆီကြော်

ငရုတ်ခြောက်တောင့်ကြော်

ကြက်သွန်မြိတ် - ပါးပါးလှီးထားပါ

ဂျုးမြစ်

ကြက်သွန်ဖြူ

သံပုရာသီး /ရှောက်သီး

ကြွမုန့်ကြော်

=======
ပြုလုပ်နည်း
=======

ငါးရံ့ကို ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဆား တို့နှင့် ရေကို မြုပ်ရုံ ထည့်၍ ပြုတ်ပါ ။ ငါးကျက်လျင် အအေးခံ၍ အသားနွှာပါ ။

ခရမ်းချဉ်သီးကို ပြုတ်၍ ခရမ်းချဉ်သီးများ အပေါ်ခွံ ကွဲသွားလျင် ရေထဲမှ ထုတ်၍ အအေးခံထားပါ ။

အေးသွားလျင် အပေါ်ခွံများကို ခရမ်းချဉ်သီး အရည်အိုးထဲသို့ ပြန်ထည့်ပါ ။

ဇကာထဲတွင် ခရမ်းချဉ်သီးများ ထည့်၍ ပန်းကန်လုံးကို အောက်မှ ခံပြီး ခရမ်းချဉ်သီး အနှစ်များကို တိုက်ချပါ ။

ပုတ်ထားသော အာလူးကို အကွင်းလိုက် ခပ်ထူထူ လှီးထားပါ ။

လင်ဗန်း ကြီးကြီးထဲတွင် ထမင်း ၊ ငါး ၊ အာလူး ၊ ခရမ်းချဉ်သီး အနှစ် နှင့် ဆားကို လက်ဖမိုးနှင့် ဖိ၍ သမအောင် ရောနယ်ပါ ။

ပီးလျင် အရသာ အပေါ့အငံ မြည်းပြီး ငါးထမင်းနယ် အလုံးလေးဖြစ်အောင် လုံးပါ ။

စားတော့မည်ဆိုလျင် ငါးထမင်းနယ်ကို ပြားလိုက်ပြီး ငါးထမင်းနယ် ပေါ်တွင် ကြက်သွန်ဖြူဆီချက် နဲနဲ ၊ ငရုတ် အကျက်မှုန့် ဆီကြော် ၊ ကြက်သွန်မိတ် ၊ ပဲပုတ်မှုန့် ၊ သံပုရာသီး ညှစ်၍ စားပါ ။

ငါးထမင်းနယ်ကို ဂျုးမြစ် ၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့်ကြော် ၊ ကြွေမုန့်ကြော် တို့နှင့် တွဲဖက်၍ စားနိုင်ပါသည် ။

ဟင်းရည်ကို ငါးပြုတ်ရည် နှင့် ခရမ်းချဉ်သီး ပြုတ်ရည်တို့ကို ပေါင်း၍ တည်ပြီး သောက်ခါနီးတွင် ပဲပုတ်မှုန့် နှင့် ပူတီနံကို ခပ်ပါ ။

ရှမ်းပြည်တွင် ဟင်းရည်ထဲတွင် ဆေးခါးမှုန့် အနည်းငယ် နှင့် ခရမ်းကစော့သီးကို ထည့်ပါသည် ။

Credit : Facebook Shares

Ingredients

Directions