ငါးခြောက်ဖုတ်

1

ငါးခြောက်ဖုတ်မယ်ဆိုရင်အရင်ဆုံး ဆားရည်ထဲငါးခြောက်ကို နာရီဝက်လောက်စိမ်ထားပါ

ပြီးမှရေ၃ထပ်လောက်ဆေးပြီးဖုတ်လို့ရပါပြီ

ဆားရည်စိမ်ခြင်းက ငါးခြောက်ရဲ့အငံကိုလဲ နည်းသွားအောင်စုပ်ယူသလို ငါးခြောက်လှန်းတဲ့အခါ အခုသုံးနေကြတဲ့ ယင်မနားဆေးရဲ့အန္တရာယ်လဲနည်းသွားပါတယ်။

ငါးရံ့ခြောက်လိုဖုတ်လိုက်ရင်မာနေတတ်တဲ့ငါးခြောက်အတွတ်တော့ ရေဇလုံလေးတစ်လုံးငါးခြောက်ထုမယ့်စင့်တီတုံးနားအသင့်ထားထားပါ။

ငါးခြောက်ကိုကြွပ်ကြွပ်မကြိုက်ပဲပျော့ပျော့လေးစားချင်ရင်တော့ဆီထည့်ထားတဲ့ပန်းကန်လေးလဲအဆင်သင့်လုပ်ထားပါ

ငါးခြောက်ကိုစဖုတ်လို့မီးအပူနဲ့တွေ့ရင်ငါးခြောက်သားလေးစပြီးပျော့ပျောင်းလာပါမယ်

အဲ့ဒီ့်အချိန်ငါးခြောက်ကိုပြန်ဆယ်ပြီးဖွဖွလေးအသားပွလာအောင်ထုပြီးမှပြန်ဖုတ်ပါ

ငါးခြောက်ကကျက်လာပြီးတူးစပြုလာရင်အသင့်ထားထားတဲ့ရေဇလုံထဲထည့်ပြီးချက်ချင်းပြန်ဆယ်ပါ

မီးလေးခဏပြန်ပြပြီးဖွဖွလေးထုပါ ထုထားတဲ့ငါးခြောက်ကိုချက်ချင်း အပူဓာတ်မကုန်ခင်ဆီစိမ်ပါ

ဒါဆိုရင်တော့ငါးခြောက်ပျော့ပျော့ပျောင်းပျောင်းလေးရပါပြီ

အသက်ကြီးရွယ်သူမိဘတွေလဲ အဆင်ပြေပြေဝါးလို့ရပါတယ်

ကြွပ်တာကြိုက်ရင်တော့ထုလိုက် ဆီစိမ်လိုက်မလုပ်ပဲထုထားတဲ့ ငါးခြောက်တွေကိုအေးသွားမှဆီစိမ်ပါ

ဒါဆိုရင်တော့ငါးခြောက်ကြွပ်ကြွပ်လေးရပါပြီ

ပန်းခရေသိသမျှလောက်ပါရှင်

Credit ပန်းခရေ

Credit : Facebook Shares

Ingredients

Directions