ငါးခေါင်းချဉ်ရည်ချက်နည်း

1

- ငါးခေါင်းချဉ်ရည်ကို စားသောက်ဆိုင်တွေကဝယ်မစားပဲ ကိုယ့်အိမ်မှာကိုယ် ချက်စားလို့ရပါတယ် ။

ငါးကြင်း ၊ ငါးမြင်း ၊ ငါးတန်ခေါင်းတွေနဲ့ ချက်စားလို့ရပါတယ် ။

ငါးမြင်း နဲ့ ငါးတန်ခေါင်းတွေက အသားနည်းလို့ ဈေးလည်းသက်သာ ၊ စားလို့လည်းအရသာရှိတဲ့ ငါးကြင်းခေါင်းနဲ့ ချက်ပါမယ် ။

- ငါးကြင်းခေါင်းသေးရင်အလုံးလိုက် ၊ကြီးရင် အလယ်ကထက်ခြမ်းခွဲပြီး ပသိတွေထုတ်ပစ်ပါ ။

ပြီးရင် ရေစင်စင်ဆေးထားပါ ။

- အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပူလာရင် နနွင်းမှုန့်ထည့်ပါ ။

စပါးလင်အရင်းပိုင်း စွေစွေလေးလှီးထားတာထည့်ပါ ။

ငရုတ်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ + နီ ထောင်းထားတာထည့်ပါ ။

မွှေးလာတဲ့အထိဆီသတ်ပြီး ငါးခေါင်းတွေထည့်ပါ ။

ငံပြာရည် ၊ ဆား ၊ အရသာ သင့်ရုံထည့်ပြီး အသာအယာမွှေပါ ။

လက်ဆေးရည်နည်းနည်းထည့်တည်ပြီး ငါးခေါင်းတွေကို ဆယ်ထားပါ ။

- ကျန်တဲ့အိုးထဲကို မုန်လာဥနီ ၊ မျှစ် ၊ ငုံးဥပြုတ်တို့ထည့်မွှေပါ ။

ပြီးရင် ရေထည့်ပြီး အသီးအရွက်နူးအောင်တည်ပါ ။

အသီးအရွက် နူးခါနီးမှာ ပဲပြားကိုအတုံးလေးတွေလှီးထည့်ပါ ။

အချဉ်အတွက် မန်ကျည်းသီးမှည့်ဖြစ်စေ ၊ သံပုရာရည်ဖြစ်စေထည့်ပါ ။

မန်ကျည်းမှည့်က ဟင်းအရောင်မဲစေလို့ သံပုရာသီးကိုလည်းမသုံးချင်တာနဲ့ တုံယမ်းအခဲပဲ ထည့်ပါတယ် ။

- အရသာမြည်းလို့ အနေတော်ရင် ငါးခေါင်းတွေထည့်လိုက်ပါ ။

ငါးခေါင်းတွေကို ဆယ်မထားရင် ကြေကုန်တတ်ပါတယ် ။

ငါးခေါင်းအနေတော်ရင် ပင်စိမ်းရွက်လေးအုပ်ပြီး စားဖို့အဆင်သင့်ပါပဲ ။

Credit : Facebook Shares

Ingredients

Directions