ဂျပန် Souffle Pancake လုပ်နည်း

1

စားလို့ကောင်းတဲ့ ဂျပန် Souffle Pancake လုပ်နည်း

Pancake ဆိုရင် လုပ်ရတာလွယ်တော့ တော်တော်များများလည်း အိမ်မှာလုပ်စားကြပါတယ်။ ဒါပေမယ့် Souffle Pancake ကိုတော့ သိပ်ပြီး လုပ်စားလေ့မရှိကြပါဘူး။ သူက နူးနူးညံ့ညံ့လေးဆိုတော့ လူကြီးလူငယ်မရွေး စားလို့ကောင်းပါတယ်။ လုပ်ရတာလည်း မခက်ပါဘူး။ ဒါကြောင့် အရမ်းစားလို့ကောင်းတဲ့ ဂျပန် Souffle Pancake လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

Japanese Souffle Pan Cake

အမေရိကန်ပန်ကိတ်က အားလုံးကိုရောမွှေပြီး ကြော်တာဖြစ်ပေမယ့် ဂျပန်ပန်ကိတ်က ကြက်ဥ အကာကို သတ်သတ်ခွဲလိုက်ပြီး ပြန်ကြော်ပါတယ်။ ဂျပန် ပန်ကိတ်က ကိတ်ပြုလုပ်နည်းနဲ့တူသလို အရသာကလည်း ကိတ်နဲ့ ဆင်ပါတယ်။ ကြော်ဖို့ ကွင်းလေးတွေ မရှိဘူးဆိုလျှင် ဒီအတိုင်း ရိုးရိုးပန်ကိတ်တွေလို ဒယ်အိုးပေါ် တစ်ခါတည်း ထည့်ကြော်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

သကြား – ၆၀ ဂရမ်

ကြက်ဥအနှစ် – ၁ လုံး

နွားနို့ – ၆၀ ဂရမ်

Pan Cake Mix – ၉၀ ဂရမ်

ကြက်ဥအကာ – ၂ လုံး

ပြုလုပ်နည်းအဆင့်ဆင့်

၁။ သကြား၊ ကြက်ဥအနှစ် ရောပြီး သမအောင် မွှေပါ။ နွားနို့ထည့်မွှေပါ။ နွားနို့ထည့်ပြီး သမသွားလျှင် Pan Cake Mix ကို ရောထည့်ပြီး မွှေပါ။

၂။ ကြက်ဥအကာကို ဖြူပြီးတောင့်လာသည်အထိ လက်နဲ့ဆွဲလိုက်လျှင် တန်းသွားသည်အထိ ခေါက်ပေးပါ။ ရလာတဲ့ ကြက်ဥအကာကို ကြက်ဥအနှစ်အရောနဲ့ သမအောင် လက်နဲ့ ဖြည်းဖြည်းချင်းရောပေးပါ။

၃။ မီးဖိုပေါ်မှာ မကပ်တဲ့အိုးကို ထောပတ်အနည်း ငယ်ထည့်ပါ။ အဝိုင်းလေးရအောင် သံကွင်းအဝိုင်းလေး ရှိလျှင်ရပါပြီ။ သံကွင်းအဝိုင်းလေးကို ထောပတ်သုတ်ပေးပါ။ ဒယ်အိုးပေါ်တင်ကာ ခုနက မုန့်နှစ်ရည်ကို ခွက်မပြည့် တပြည့်ထည့်ပြီး အဖုံး ဖုံးအုပ်ထားပါ။

၄။ Pan Cake အောက်ပိုင်းကျက်သွားပြီဆိုလျှင် နောက်တစ်ဖက် လှန်ပေးပါ။ နှစ်ဖက်စလုံး ကျက်သွားလျှင် ရပါပြီ။ Pan Cake ကို ပျားရည်ဆမ်းပြီးပဲစားစား၊ ရေခဲမုန့်နဲ့ပဲဖြစ်ဖြစ် သုံးဆောင်နိုင်ပါပြီ။

Crd.ဆုမြတ် See less

Credit : Facebook Shares

Ingredients

Directions