ဂျင်းမွှေးကြက်တောင်ပံကြော်
ဂျင်းနံမွှေးမွှေးကြွပ်ကြွပ်လေးနဲ့ (Hokkien style)
ကြက်တောင်ပံမိမိတို့လိုသလောက်ကို ရေဆေးသန့်စင်ထားပါ။
ဂျင်းခပ်များများနဲ့ကြက်သွန်ဖြူ ထောင်းပြီးထည့်၊ ဆား၊ ဟင်းခတ်မှုန့်၊သကြားနှင့် အရောင်လှစေရန် နနွင်းမှုန့်နည်းနည်းစီထည့်၊ယကြက်ဥအကာရည်တလုံးဖောက်ထည့်နှယ်ပြီး၊၁နာရီခန့်နှပ်ထားပါ။
ကြော်မည့်ချိန်မှ ရွှေလိပ်ပြာအကြော်မှုန့်သိုမဟုတ်တန်ပူရာအကြော်မှုန့် ထမင်းဇွန်း၂ဇွန်းထည့်နှယ်ပါ။
မှုန့်နှစ်ခပ်ပါးပါးလေးနဲ့ပဲကြော်ရပါမယ်။
မီးအေးအေးထဲ တခုစီခွဲထည့်ပြီး အတွင်းသားတွေကျက်သည်အထိတဘက်ကို ၇မိနစ်ခန့်ထားပြီးကြော်ပါ။
ရွှေဝါရောင်လေးတွေရလာရင်တော့ ပူပူကြွပ်ကြွပ်အခြေအနေမှာပဲ ကြိုက်ရာ အချဉ်ဖြင့် တွဲစားနိုင်ပါပြီ
Credit : Facebook Shares
Ingredients
Directions