ဂျင်းဆင်း ကြက်ကောင်လုံး စွပ်ပြုတ်

1

ဂျင်းဆင်း ကြက်ကောင်လုံး စွပ်ပြုတ်
--------------------------------
ဂျင်းဆင်း ကြက်ကောင်လုံး ဟင်းချိုပါ။ ရှေးခေတ်ကတည်းက ဂျင်းဆင်းက ခွန်အားတိုးစေတာမို့၊ အမြတ်တနိုးထားပြီ သုံးဆောင်ကြပါတယ်။ ကြက်ကောင်လုံးနဲ့ ဂျင်းဆင်း ဟင်းချိုကို တရုတ်နဲ့ ကိုရီယားမှာ လူကြိုက်များပါတယ်။ ခုဆိုရင် ဂျင်းဆင်းကို Supermarket တွေမှာ အလွယ်တကူ ဝယ်နိုင်ပြီမို့၊ ဂျင်းဆင်းနဲ့ ကြက်ကောင်လုံး စွတ်ပြုတ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ တူတူ ချက်ကြည့်ရအောင်…
--------------------------------
ပါဝင်ပစ္စည်းများ

ကြက် – ၁ကောင် (၁၁၀၀ ဂရမ်)
ဂျင်းဆင်း – ၁၀ ဂရမ်
ဆီသီးအနီခြောက် – ၅ခု (အစေ့လွတ်)
ဂျင်းနု – ၅ပြား
Wolfberry – စားပွဲတင်ဇွန်း ၂ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ရေ – ၂လီတာ
--------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေ(၂လီတာ)ထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ပြီနောက် ဆူလာလျှင် ကြက်ကောင်လုံးကို ၁မိနစ်ခန့် ထည့်ပြုတ်ပေးပြီ ပြန်ဆယ်ထားပါ။

၃။ ပြီလျှင် slowcooker(သို့) ဒယ်အိုးထဲ (ကြက်ကောင်လုံး၊ ရေ(၂လီတာ)၊ ဂျင်းဆင်း၊ ဆီသီးအနီခြောက်၊ ဂျင်းနု၊ Wolfberry) တို့ကို ထည့်ပြီ အဖုံးအုပ်ကာ ၂နာရီခန့် မီးနည်းနည်းဖြင့် တည်ထားပေးပါ။

မှတ်ချက်။ ။ ပြုတ်နေစဉ်အတွင်း ဆားမထည့်ရပါ။

၄။ ၂နာရီကြာတည်ပြီမှ မီးပိတ်ပြီ ဆား၊ ကြက်သားမှုန့်တို့ ထည့်ရောမွှေပေးပါ။

၅။ အရသာရှိသော ဂျင်းဆင်း ကြက်ကောင်လုံး စွတ်ပြုတ်ကို ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ…
--------------------------------
Wutyee Food House
--------------------------------

Credit : Facebook Shares

Ingredients

Directions