ဂဏန်း ငံပြာရည်စိမ်

1

“Ganjang-gejang (Or) Raw Crabs in Soy sauce(ဂဏန်း ငံပြာရည်စိမ်) ”

ဒီလို မျိုး covid-19 ကြောင့် အိမ်မှာ နေရတဲ့ အချိန်တွေဟာ အင်မတန် ငြီးငွေ့လှကြရော်ပေါ့ ။ ဒါပေမယ့်လည်း ဒီလို ဟင်းထူးထူးဆန်းဆန်လေးတွေ ချက်စားရင်း ကိုရီးယား ကားလေး ကြည့်ရင်း တစ်နှစ်တာ ပင်ပန်းခဲ့သမျှ ခဏ အနားယူတယ် သဘောထားကြတာပေါ့လေ..... ကဲဒါဆို မင်မင်က ဒီနေ့ Ganjang-Gejang ဆိုတဲ့ ကိုရီးယား အစားအသောက်တစ်မျိုးကို ပြောပြမယ်နော် ။ Ganjang-gejangဆိုတာ Ganjang(ပဲငံပြာရည် ) နဲ့ Gejang (ဂဏန်း) ဆိုပြီး ခေါ်ဝေါ်ထားတဲ့ ဂဏန်းစိမ်းကို ပဲငံပြာရည် ထဲ စိမ်ပြီး အချဉ်ဖောက်ထားတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ် ။

၁။ ဂဏန်းကို ရေများများနဲ့ စင်ကြယ်အောင် ဆေးပြီး စိမ်ထားမယ့် ပန်းကန်ထဲကို ထည့်ထားပါမယ် ။
၂။ ငရုတ်သီးစိမ် ၊ ငရုတ်သီး အနီ ၊ သံပုရာသီးကို လှီးပြီး ဂဏန်းပေါ်ကို တင်ပေးပါမယ် ။
၃။ စွပ်ပြုတ်လုပ်မယ့် ပစ္စည်းတွေကို မိနစ်၃၀လောက် ပြုတ်ပေးပြီးတဲ့နောက် ၊ အဖက်တွေကို လွှင့်ပစ်ပြီး ပဲငံပြာရည်နဲ့ သကြားစသည်တို့ကို ထည့်ပြီး ဂဏန်းစိမ်မယ့် ပဲငံပြာရည်ပြုလုပ်ပါမယ်
၄။ အရည်ကို အအေးခံပြီးတဲ့နော် soda ထည့်ပြီး ဂဏန်း ထည့်ထားတဲ့ ဘူးထဲကို လောင်းထည့်ပါမယ်။
၅။ ရေခဲသေတ္တာထဲမှာ ၃~၅ရက်အထိ စိမ်ထားပြီး သုံးဆောင်နိုင်ပါတယ် ။
နွေရာသီပေါ်တဲ့ ဂဏန်း နဲ့ ဆောင်းရာသီ ပေါ်တဲ့ဂဏန်း
Ganjang-Gejangဆိုရင် နွေရာသီပေါ်တဲ့ ဂဏန်းဆိုရင် အရမ်းအရသာရှိပေမယ့် ခုကတော့ ဆောင်းဦး ရာသီဖြစ်တာမလို့ ဆောင်းရာသီ ဂဏန်းနဲ့ပဲ စိမ်ရပါတော့မယ်
နွေမှာ ပေါ်တဲ့ ဂဏန်း (Am-KokkGae) ၊ ဆောင်းပေါ် ဂဏန်း (Sut-kokGae) ပဲ ဖြစ်ဖြစ် ဒီ နည်းအတိုင်း ချက်လို့ရပါတယ် ။ ပမာဏသာ တူတယ် ဆိုရင် အကုန် တူတူလိုက်ချက်လို့ရပါတယ် ။

ဂဏန်း ၁kg (5~6ကောင်လောက် သုံးပါတယ် ။အရွယိအစားကတော့ ကိုကြိုက်သလောက် ပေါ့)
အရည်လုပ်ဖို့ : ပန်းသီး တစ်ခြမ်း ၊ ကြက်သွန်နီ တစ်ခြမ်း ၊ ကြက်သွန်မြိတ် ၁ပင် ၊ ငါးခြောက် (ဖုတ်ပြီးသား) အနည်းငယ် ၊ ငရုတ်သီးခြောကိ ၄တောင့် ၊ ရေညှိ ၊ ဇီးသီးခြောက် ၅လုံး ၊ကြက်သွန်ဖြူ ၁၀မွှာ ၊ ဂျင်း အနည်ငယ် ၊ ငရုတ်ကောင်းစေ့ ၊ နွယ်ချို အနည်းငယ်

တခြားသော ပါဝင်ပစ္စည်း : ပဲငံပြာရည် ၃၀၀ml ၊ ငရုတ်သီးအစိမ်း ၃တောင့် ၊ ငရုတ်သီး အနီ ၂တေုင့် ၊ သပုရာသီး တစ်လုံး ၊ Soda 200ml

ပြုလုပ်နည်း
ဂဏန်းအရှင် မကိုင်ရဲဘူးဆိုရင် ဝယ်လာတဲ့ အတိုင်း အအေးခန်းထဲ ခဏထည့်ထားပြီးမှ ဆိုရင် ကိုင်ရလွယ်ပါတယ် ။ သက်သက်ကြီး ကိုင်နေစရာ သိပ်မလိုတာကြောင့် အပြင်ပိုင်းကိုသာ သန့်ရှင်းအောင် ဆေးကြောပါမယ် ။
ရေသေချာ စစ်မချထားဘူးဆိုရင် ပဲငံပြာရည် စိမ်တဲ့အခါ ပြုတ်မထားတဲ့ ဒီဂဏန်းထဲက ရေတွေ ထွက်လာတတ်တာမလို့ ဇကာထဲမှာ ခဏခဏ ရေစစ်ချပေးပါ။

ပြီးရင် ဂဏန်းကို ဘူးတစ်ဘူး သို့ ပန်းကန်းတစ်လုံးထဲ ထည့်ထားပါ ။ ပဲငံပြာရည် အရည်ကို အများကြီး ထည့်မှာ မဟုတ်တဲ့အတွက် ဂဏန်းများများနဲ့ နေရာလွတ် သိပ်မရှိအောင် ထည့်ထားတာ ကောင်းပါတယ်။ ဒါမှမဟုတ် သိပ်မကြီးလွန်းတဲ့ ဘူးကို သုံးပေါ့ ။
ကဲ ဒါဆို တခြားပစ္စည်းတွေ ပြင်ဆင်မယ် ။ ငရုတ်သီးတွေကို ပုံပါအတိုင်း အစောင်းရှည်ရှည်လေးတွေ လှီးပြီး သံပုရာသီးကိုလည်း အဝိုင်းပါးပါးလေးတွေ လှီးထားပါ ။
ပြီးရင် ဂဏန်းထည့်ထားတဲ့ ပန်းကန် သို့ ဘူးထဲကို ထည့်ပါမယ် ။ ဒီပုံစံအတိုင်း ရေခဲသေတ္တာထဲကို ထည့်ပြီး ပဲငံပြာရည် အရည်ဆီသို့ ချီတက်ကြပါစို့~~~
ဂဏန်း ၁ကီလိုအတွက် ရေသုံးလီတာ ထဲကို ပါဝင်ပစ္စည်းတွေ ထည့်ပြီး ပြုတ်ပါမယိ ။
မိနစ်၃၀လောက် ပြုတ်ထားပေးပါ ။ ပစ္စည်းတွေမှာ ရေညှိမှော်ကိုတော့ ၅မိနစ်လောက် ပြုတ်ပြီး ထုတ်ပစ်လိုက်ပါ ။
ကဲ ပွက်ပြီဆိုရင် အဖတ်တွေအကုန် ထုတ်ပါ ။ ပြီးရင် ဒီအရည်ထဲကို အရသာ ထည့်မှာ မလို့ပါ ။ အဖတ်တွေကို ပစ်ပြီး ကျန်တဲ့ ၁.၅လီတာလောက်ပဲ ကျန်ပါတော့တယ် ။ ၁.၅လီတာထက်များနေရင်လည်း ပိုနေတာကို ထုတ်ပစ်ပါ ။
ပဲငံပြာရည် ၃၀၀ml ၊ ဂျပန်အရက် (ဆာကေး) ၁၀၀ml ၊ cooking rice wine 100ml ၊ သကြား ၃ ဇွန်း တို့က်ု ထည့်ပါမယ် ။မီးပြင်းပြင်း နဲ့ တစ်ခေါက်လောက် ပွက်အောင် တည်ပြီး မီးပိတ်လိုက်ပါ ။ ပြီးရင် တအောင့်လောက် အအေးခံပါမယ် ။
**အအေးခံကို ခံရပါမယ်နော် .
အအေးခံထားတဲ့ အရည်တွေကို ဆိုဒါ ၂၀၀mlလောက် လောင်းထည့်ပါမယ် ၊
ဒီနေ့တော့ ဂဏန်းပဲငံပြာရည်စိမ်ရဲ့ Pointက ဆိုဒါပါ ။ ကောင်းချက် နဲ့ ဆိုးချက်ကိုလည်း တစ်ချက်ပြောပြပါရစေ...
ကောင်းချက် : ကာဗွန်နိတ်ရဲ့ သက်ရောက်မှုနဲ့ ဂဏန်းရဲ့ အရသာကို ပိုမ်ုကောင်းမွန်စေပြီး ညှီနဲ့ ကို ပျောက်စေပါတယ်။
ဆိုးချက် : တစ်ပတ်လောက် ထားပြီး စားလို့ မရတာပါ။ သူက မြန်မြန် အချဉ်ဖောက်တတ်တာမလို့ပါ
တကယ့် အရေးကြီးဆုံး Pointကတော့ ဂဏန်းထဲကို ခုနက အပြုတ်အရည် လောင်းထည့်တဲ့ အပိုင်းပါပဲ
အအေးခံပြီးမှသာ လောင်းထည့်ပါနော် ။ ဘယ်လောက် ပဲ ဂဏန်းအရှင်တွေလို့ပဲ ပြောပြော ပူနေတုန်း ထည့်မယ်ဆိုရင် သိုးသွားနိုင်ပါတယ် ။
အရည်ကို လောင်းထည့်တဲ့အခါ တစ်ခါတည်း ရေခဲသေတ္တာထဲမှာ ၃ရက်လောက် အချဉ်ဖောက်ထားလိုက်ပါ ။ ပြီးမှ တစ်ကောင်ချင်း ထုတ်စားရင် ကောင်းမှ ကောင်း .....
ရက်အနည်းငယ် ထပ်ထားပြီး မှ စားချင်တယ်ဆိုရင် ပဲငံပြာရည် ပဲ မထည့်ပဲ ကျန်တာတွေပြုတ်ပြီး အအေးခံပြီး လောင်းထည့်လိုက်ရပါတယ်။

ဆိုဒါ ပါဝင်တာကြောင့် အရသာကတော့ တကယ့်ကို ပြောစရာ မရှိအောင်ပါပဲ ။ တစ်ကောင်ချင်း တစ်ကောင်ချင်း ခွါစားလိုက်ရရင်တော့ .......ဒီလို virus ကြောင့် stressများနေတဲ့ အချိန်မှာ ဒါလေးစားပြီး အပန်းဖြေနိုင်ကြပါစေနော်..

Credit : Facebook Shares

Ingredients

Directions