ဂဏန်းမဆလာချဉ်စပ်ချက်နည်း

1

လိုအပ်တာတွေကတော့ ဂဏန်း ၆ ကောင်၊ ကြက်ဥ ၁ လုံး၊ ကြက်သွန်နီ အလုံးသေး ၅ လုံး၊ ကြက်သွန်အဖြူအမွှာကြီး ၁ လုံး၊ ငရုပ်ပွ ၅ တောင့်၊ ချင်းအနေတော်၊ မကျည်းသီးအနည်းငယ်၊ ခရမ်းချဉ်သီး ၁ လုံး၊ မဆလာအနည်းငယ်၊ ရှမ်းနံနံနှင့် ကြက်သွန်မိတ်အနည်းငယ်တို့ လိုအပ်ပါတယ်။

ချက်နည်းမှာ အရင်ဆုံး ဂဏန်းကို ဆေးကြောသန့်စင်ပြီးလျှင် ဆား၊ ဆနွင်း၊ ကြက်သားမှုန့်အနည်းငယ်နှင့် နယ်ထားရပါမယ်။

ဂဏန်း၏ လက်မကို ဒီအတိုင်းမချက်ဘဲ ဓား၏နောက်မှီးနှင့် ထုပေးမှသာ လက်မထဲ အရသာဝင်မှာဖြစ်ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွနှင့် ချင်းတို့ကို ညက်နေအောင်ထောင်းထားပါ။ ပြီးလျှင် ဆီအနည်းငယ်နှင့် ဆီသတ်ထားပါ။

အနံ့မွှေးပြီး အရောင်နီလာပြီဆိုရင် စောစောက နယ်ထားတဲ့ ဂဏန်းကို ထည့်မွှေပြီး မိနစ် အနည်းငယ် ဖုံးအုပ်ထားသင့်ပါတယ်။

ဂဏန်းဟင်းချက်လို့ မွှေးလာပြီဆိုလျှင် မကျည်းသီးမှည့်ကို ရေဖျော်၍ ဂဏန်းမြှုပ်ရုံထည့်ပြီး ထပ်တည် ထားပေးသင့်ပါတယ်။

ဂဏန်းအရောင်ရဲလာပြီး ရေခမ်းလာပြီဆိုလျှင် အရသာမြည်းစမ်းပြီး လိုတာထည့်သင့်ပါတယ်။ ပြီးနောက် ကြက်ဥကို အနှစ်ရစေရန်အတွက် ဖောက်ထည့်သင့်ပါတယ်။

ကြက်ဥကျက်သွားရင် မဆလာကို နှံ့အောင်မွှေထည့်ပေးသင့်ပါတယ်။ ဂဏန်းဟင်း ဆီပြန်လာပြီဆိုရင် လှီးဖြတ်ထားတဲ့ ရှမ်းနံနံ၊ ကြက်သွန်မြိတ်၊ ခရမ်းချဉ်သီးတို့ကို ထည့်ပေးပါ။

နောက်ထပ် မိနစ်အနည်းငယ် ဖုံးအုပ်ထားပါ။ ပြီးလျှင်တော့ အရသာရှိတဲ့ ဂဏန်းမဆလာချဉ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

ဂဏန်းဟင်းသည် ချက်ရပြုတ်ရလွယ်ကူစေသည့်အပြင် အလုပ်မရှုပ်ဘဲ မိသားစုလိုက်စားပါက အရသာရှိမည့် ဟင်းတစ်ခွက်ဖြစ်စေမှာ အမှန်ဖြစ်ပါတယ်။
-
-
Credit - Lamin Eaim

Credit : Facebook Shares

Ingredients

Directions