ချဉ်စပ်သီးရွက်စုံသုပ်

1

ချဉ်စပ်သီးရွက်စုံသုပ်
(သက်သတ်လွတ်)
-------------------------------------
သခွားသီးသုပ်လို့လည်း ခေါ်လို့ရ ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က သခွားသီးတွေကို အများကြီး ထည့်ထားလို့ပါ။ ရိုးရှင်းတဲ့အသုပ်ဖြစ်တဲ့ အတွက် အရန်ဟင်း တစ်ခွက်အနေနဲ့ သင့်တော်ပါတယ်။ များသောအားဖြင့် ကျွန်တော်ကတော့ အသားကင်တွေနဲ့ တွဲပြီး စားလေ့ရှိပါတယ်။ ဥပမာအားဖြင့် စပါးလင်ကြက်သားကင် (Grilled Lemongrass Chicken)၊ ပျားရည်ကြက်ကင်
(Grill Honey Mustard Chicken) တို့နဲ့ လိုက်ဖက်ပါတယ်။ အိမ်မှာ အကင်လုပ်စား မယ်ဆိုရင် အကင်စားပြီး မအီမလည်ဖြစ် နေတဲ့အခါမှာ အဲဒီအသုပ်လေးကို စား လိုက်ရင် လန်းဆန်းသွားပါတယ်။ ထမင်း ကြော်နဲ့လည်း လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ
• သခွားသီး - ၁ ခြမ်း (၃ဝဝ ဂရမ်)
• မုန်လာဥနီ - ၄၀ ဂရမ်
• ဂေါ်ဖီ - ၆၀ ဂရမ်
• ဆလတ်ရွက် - ၆ ရွက်
• ရှောက်ဘီလူးရွက် - ၃ ရွက် (ပါးပါးလှီးပါ)
• ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်း ၁ ဇွန်း
• မြေပဲလှော် - စားပွဲဇွန်း ၂ ဇွန်း
Slad Dressing အတွက် လိုအပ်တာတွေကတော့-
• ငရုတ်သီးစိမ်း/နီ - ၆ တောင့် (၁၄၀ ဂရမ်)
• ကြက်သွန်ဖြူ - ၂ မြွှာ
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• သံပရာရည် - စားပွဲဇွန်း ၂ ဇွန်း
• နံနံပင်အမြစ် - ၄ ပင်
• သကြား (သို့) ထန်းလျက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ Slad Dressing အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် နံနံပင်အမြစ်တို့ကို
ရောပြီး ထောင်းပါ။ ပြီးလျှင် ထန်းလျက် (သို့) သကြားထည့်ပြီး ထောင်းပါ။ ပြီးလျှင် သံပရာရည်နှင့် ပဲငံပြာရည်ထည့်ပြီး မွှေပါ။
၂။ သခွားသီးကို အခွံနွှာ၍ ထက်ခြမ်းခြမ်းပါ။ ပြီးလျှင် အထဲမှ အစေ့များကို ထုတ်ပြီး လခြမ်းပုံစံ ပါးပါးလှီးပါ။
၃။ မုန်လာဥနီကိုလည်း အခွံနွှာပြီး အရှည်လိုက် ထက်ခြမ်းခြမ်းပါ။ ပြီးလျှင် လခြမ်း
ပုံစံ ပါးပါးလွီးပါ။
၄။ ရှောက်ဘီလူးရွက်ကိုလည်း ပါးပါးလှီးထားပါ။
၅။ ဆလတ်ရွက်တစ်ဝက်ကို လက်နဲ့ ခပ်ကြီးကြီးဖြတ်ပါ။ ကျန်တဲ့တစ်ဝက်ကို ပန်းကန်ထဲ ထည့်ပါ။ ဂေါ်ဖီကို တစ်ခါစားအရွယ် လှီးဖြတ်ပြီး ပန်းကန်ထဲထည့်ပါ။
၆။ သခွားသီး၊ မုန်လာဥနီနှင့် ဆလတ်ရွက်တို့ကို အသုပ်သုပ်မည့် ဇလုံထဲထည့်ပါ။ ပြီးလျှင် အဆင်သင့်ပြင်ထားတဲ့ Slad Dressing ကို လောင်းထည့်ပါ။ ကြက်သွန်ဖြူဆီချက် ထည့်ပါ။ ပြီးလျှင် ဖွဖွလေး နယ်ပါ။ ပြီးလျှင် ဆလတ်ရွက်နှင့် ဂေါ်ဖီထည့်ထားတဲ့ ပန်းကန်ထဲထည့်၍ မြေပဲလှော်ဖြူးပြီး သုံးဆောင်ပါ။
----------------------------------------------------------
Credit Myint Oo Tha See less

Credit : Facebook Shares

Ingredients

Directions