ချဉ်ငံစပ် လက်ဖက်ထောင်းနည်း

1

လက်ဖက်အသား (လက်ဖက်အညွန့် ) - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးခွဲစာ

ပုဇွန်ခြောက် - အကောင်ကြီးကြီး အအောင် ၃၀ခန့်

ကြက်သွန်ဖြူ - အမွှာကြီးကြီး ၈မွှာခန့်

ငရုတ်သီးစိမ်း - စားနိူင်သလောက်ထည့်ပါ

သံပုရာသီး - တလုံး

ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ

အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (မစားလျှင်မထည့်လဲရ)

မြေပဲဆီစစ်စစ် - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တလုံးသာသာ

လက်ဖက်အရွက်ကြမ်းဖြစ်ပါက လက်ဖက်အသားကို ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ပေးပြီးမှ ငရုတ်ဆုံထဲ ညက်နေအောင်
ထည့်ထောင်းပေးပါ

======
ပြုလုပ်ပုံ
======

လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ

ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ

ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပေးပါ

ငရုတ်သီးစိမ်းကို အနေတော် လှီးပေးပါ

ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်း အချိုမှုန့် ကြက်သွန်ဖြူတို့ ထည့်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ

ပြီးတာနဲ့ အားလုံးကို သမအောင်နယ်ပြီး ငရုတ်ဆုံထဲမှာ ညက်နေအောင် ထောင်းပေးပါ

ထောင်းထားသော လက်ဖက်များ ညက်သွားပါက အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ ဆီထည့်ပြီး သမအောင်နယ်ပေးပါ

အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံး
နိုင်

Credit : Facebook Shares

Ingredients

Directions