ခရမ်းသီး ဆူးပုပ်ကြော်

1

ခရမ်းသီး ဆူးပုပ်ကြော်
...........................
ရှားရှားပါးပါး ဆူးပုပ်လေးတွေ ရလာတုန်းမှာ ပဲကြီးဆူးပုပ်ဟင်း၊ ဆူးပုပ်ပေါင်း၊ ဆူးပုပ်တန်ပူရာ၊ ဆူးပုပ်ကြက်ဥကြော်တို့အပြင် ဘာတွေများ ချက်စားလို့ရသေးလည်းလို့ မေးမြန်းကြည့်တော့ ခရမ်းသီးနဲ့ ရောကြော်ကြည့်ဖို့ အကြံပြုချက်လေးရလာတာနဲ့ အခုလိုနည်းလေးနဲ့ ချက်စားဖြစ်ပါတယ်။ ခရမ်းသီးကြော် ချိုချိုအိမှာ ဆူးပုပ်မွှေးမွှေးလေးရောစွက်လို့ စားလို့ကောင်းပါတယ်ရှင်။

► ပါဝင်ပစ္စည်းများ
♦ ခရမ်းသီး - ၂ လုံး
♦ ဆူးပုပ်ညွန့် - လက်တစ်ဆုပ်စာ
♦ ခရမ်းချဉ်သီး - ၁လုံး
♦ ငရုတ်သီးစိမ်း - ၃-၄ တောင့်
♦ ဆား - အနည်းငယ်
♦ သကြား - အနည်းငယ်
♦ နနွင်းမှုန့် - အနည်းငယ်
♦ ကြက်သွန်နီ - ၁ လုံး
♦ ဆီ - လက်ဖက်ရည်ဇွန်း ၄-၅ ဇွန်း

► ချက်နည်း
၁။ ဆူးပုပ်ကိုရေဆေးပြီး အခက်လေးများဆိတ်ထားပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ကြမ်းကြမ်းလိှီးထားပါ။
၂။ ခရမ်းသီးကိုရေဆေး၊ ရေခြောက်အောင်သုတ်ပါ။ နှစ်သက်ရာအရွယ်တုန်းပြီး ဆီပူတွင်ချက်ချင်းထည့် ကြော်ပါ။ ဆားဖြူးပါ။
၃။ ခရမ်းသီးပျော့လျှင် ဆယ်ထုတ်ပါ။ ဆီပိုများကိုခပ်ထုတ်ပြီး နနွင်းအနည်းငယ်ထည့်ပါ၊ ကြက်သွန်နီကြော်ပါ။ ပျော့လာလျှင် ငရုတ်သီးစိမ်းထည့်ကြော်ပါ။
၄။ ခရမ်းချဉ်သီး၊ ဆူးပုပ်သင်ထားသည်ကိုထည့်ကြော်ပါ။ ပျော့စပြုလာချိန်တွင် ခရမ်းသီးကြော်ထားသည် တို့ကို ပြန်ထည့်ပြီးမွှေပေးပါ။
၅။ သကြား၊ ဆားသင့်ရုံထည့်အရသာမြည်းလို့ အဆင်ပြေလျှင် သုံးဆောင်နိုင်ပါပြီ။
............................

Crd
Meemeetofu

Credit : Facebook Shares

Ingredients

Directions