ခရမ်းသီးမီးဖုတ် စပ်မွှေး သုတ်နည်း (သက်သတ်လွတ်)

1

ကျွန်တော်တို့တစ်တွေ အမြဲသုပ်စားနေကျ ခရမ်းသီး မီးဖုတ်သုပ်နဲ့ ကွဲပြားပါတယ်။ ဒါပေမဲ့ မြန်မာတွေအကြိုက် တွေ့မယ့် အရသာလေးပါပဲ။

စီချွမ်းငရုတ်ကောင်းနဲ့ချက်ထားတဲ့ ဆီမွှေးက ဒီအသုပ်ရဲ့ အရသာကို ထူးခြားစေတာပါ။

ပါဝင်ပစ္စည်းများ
=========

ခရမ်းသီး - ၃ လုံး (၅၅၀ ဂရမ်)

ဆီတိုဟူး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မြေပဲလှော် - စားပွဲဇွန်း ၂ ဇွန်း (မညက်တညက်ထောင်းပါ)

နှမ်းလှော် - စားပွဲဇွန်း ၁/၂ ဇွန်း

ဆား - အနည်းငယ်

ကြက်သွန်နီဆီချက် + ကြက်သွန်နီကြော် - စားပွဲဇွန်း ၁ ဇွန်း

ဆီမွှေး - စားပွဲဇွန်း ၁ ဇွန်း

ဆီမွှေးအတွက် လိုအပ်တာတွေကတော့-

ဆီ - စားပွဲဇွန်း ၅ ဇွန်း

ငရုတ်သီးအကြမ်းဖတ် - စားပွဲဇွန်း ၂ ဇွန်း

နာနတ်ပွင့် - ၃ ပွင့်

ရှားကောမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စီချွမ်းငရုတ်ကောင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား - အနည်းငယ်
(ဆီမွှေးကို လိုသလောက်သုံးပြီး ကျန်တဲ့ဆီမွှေးကို သိမ်းထားပါ)

ပြုလုပ်နည်း
=======

၁။ ဦးစွာ ဆီမွှေးလုပ်ထားရမှာ ဖြစ်ပါတယ်။ ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။

၂။ ဆီပူလျှင် မီးပိတ်ပြီး နာနတ်ပွင့်၊ ရှားကောမှုန့်၊ ငရုတ်သီးအကြမ်းဖတ်၊ စီချွမ်းငရုတ်ကောင်းစေ့နှင့် ဆားတို့ ကို ထည့်၍ မွှေထားပါ။

၃။ ခရမ်းသီးကို မီးဖုတ်ပါ။ Oven နဲ့ ကင်လည်း ရပါတယ်။ Oven နဲ့ ကင်မည်ဆိုလျှင် ခရမ်းသီးကို အရှည်လိုက် ဓားရာပေးပြီး 180˚C မှာ ကြိုတင်အပူပေးထားတဲ့ Oven မှာ မိနစ် ၃၀ ခန့် အပူပေးပါ။

၄။ မီးဖုတ်ထားတဲ့ ခရမ်းသီးကို အခွံနွှာ၍ အသားကို ဇွန်းနှင့် ကော်ယူပြီး ဇလုံထဲထည့်ပါ။

၅။ ကြက်သွန်နီဆီချက်၊ ကြက်သွန်ကျော်၊ ဆီတိုဟူး၊ မြေပဲလှော်၊ နှမ်းလှော်၊ ဆီမွှေးနှင့် ဆားတို့ကို ထည့်ပြီး နယ်ပါ။

Credit : Facebook Shares

Ingredients

Directions