ခရမ်းကြွပ်သီး ဝက်ခေါက်ကြော် ငပိထောင်း

1

ခရမ်းကြွပ်သီး ဝက်ခေါက်ကြော် ငပိထောင်း (ထိုင်း)

ထိုင်းရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး အဝါရောင် ခရမ်းကြွပ်သီးကိုသုံးလေ့ရှိကြပါတယ်၊ ရွှေဖရုံသီးပြုတ် အပါအဝင် ရေနွေးဖျောထားသည့် အသီးအရွက်များ၊ သခွါးသီးကဲ့သို့ လတ်လတ်ဆတ်ဆတ် အသီးအရွက်များဖြင့် တွဲဖက်စားလေ့ရှိကြပါတယ်။
ခရမ်းကြွပ်သီး ဝက်ခေါက်ကြော် ငပိထောင်း အတွက်လိုအပ်တာလေးတွေ…

ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
ငရုတ်သီးစိမ်း – စားနိူင်သလောက်
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဝက်ခေါက်ကြော် – လက်တစ်ဆုပ်ခန့် (အဆီ၊အသားတွဲနေသော ဝက်ခေါက်ကြာ်ကို သုံးနိုင်လျှင် ပိုကောင်းပါသည်။)
ပူစီနံ (mint) – ၁၅ ရွက်ခန့်
မီးကင်ထားသော (သို့) paper towel ဖြင့် ဖုံးကာ microwave ထဲ စက္ကန့် ၃၀ ခန့်ထည့်ထားသော စိမ်းစားငပိ (shrimp paste) – ထမင်းစားဇွန်း ၁ ဇွန်းခန့်
ခရမ်းကြွပ်သီး – ၂ လုံး
ငါးငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း
သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်းခွဲခန့်

ခရမ်းကြွပ်သီးကို အလယ်အူတိုင်ထုတ်ကာ ပါးပါးလှီးပြီး ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်) ထည့်ဖျော်ထားသော ရေထဲ စိမ်ထားပါ။ အလယ်အူတိုင်များကိုပါ စိမ်ထားပါ။

DSC02737

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နှင့် သကြားကို ဦးစွာထောင်းပါ။
အနည်းငယ်ချိုးခြေထားသော ဝက်ခေါက်ကြော် နှင့် ခရမ်းကြွပ်သီး၏ အလယ်အူတိုင်များ ထည့်ကာ အတော်လေး ညက်အောင်ထောင်းပါ။

DSC02741

ပူစီနံ နှင့် ငပိထည့်ကာ ရောနှောသွားအောင် ထောင်းပေးပါ။

DSC02742

ပြီးလျှင် ငါးငံပြာရည်၊ သံပုရာရည်၊ရေစစ်ဆယ်ထုတ်ထားသော ခရမ်းကြွပ်သီးတို့ဖြင့် ခပ်ဖွဖွနယ်ပေးပြီးနောက် ခရမ်းကြွပ်သီး ဝက်ခေါက်ကြော် ငပိထောင်းလေး ကြိုက်နှစ်သက်ရာ အသီးအရွက်များဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions