ခရမ်းကြွပ်သီးသုပ်

1

ခရမ်းကြွပ်သီးသုပ်

စပ်စပ် ကြွပ်မွှေး ခရမ်းကြွပ်သီးသုပ်လေး အတွက် လိုအပ်တာလေးတွေ…

ကြက်သွန်နီ အရွယ်လတ် – ၁ လုံး
ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
ဂျင်း (သို့) ပဒဲကော – ၁ လက်မခန့်
အခွံမာများ ခွါထုတ်ပြီးနောက် ပါးပါးလှီးထားသော စပါးလင် – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
ငရုတ်သီးစိမ်း (သို့) ငရုတ်သီးအခြောက်တောင့် – စားနိူင်သလောက်
စိမ်းစားငပိ – ထမင်းစားဇွန်း တစ်ဝက်ခန့်
ငပိရည်ကျို အနှစ် – ထမင်းစားဇွန်း တစ်ဝက်ခန့်
ဆီ – ထမင်းစားဇွန်း ၂ ဇွန်းခန့်
ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
ဝက်ကြိတ်သား (pork mince) – 150 g
ခပ်ကြမ်းကြမ်း လှီးထားသော နံနံပင် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
ခပ်ကြမ်းကြမ်း လှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
ပါးပါးလှီးပြီး ရေဆေးထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၅ ဇွန်းခန့်
သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်းခန့်
ခရမ်းကြွပ်သီး – ၅ လုံး (ပါးပါးလှီးပြီးနောက် မဲမသွားစေရန် ဆား- လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် ထည့်ဖျော်ထားသော ရေထဲစိမ်ထားပါ။)

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ စိမ်းစားငပိ နှင့် ငပိရည်ကျို အနှစ် တို့ကို ရောပြီး ညက်သွားအောင် ကြိတ်(သို့) ထောင်းကာ ဟင်းအနှစ်လုပ်ထားပါ။
ဒယ်အိုးထဲမှ ဆီပူလျှင် ထောင်းထားသော ဟင်းအနှစ်ကို ထည့်၍ အတော်လေးခြောက်ကာ မွှေးလာအောင် ကြော်ပေးပါ။
မွှေးလာလျှင် ငါးငံပြာရည် နှင့် ဝက်ကြိတ်သား ထည့်ပြီး အသားကျက်အောင် ဖိချေမွှေကြော်ပြီးနောက် အအေးခံထားပါ။
ပြီးလျှင် နံနံပင်၊ ကြက်သွန်ပင်၊ ကြက်သွန်နီ၊သံပုရာရည် နှင့် ခရမ်းကြွပ်သီးတို့ ထည့်ကာ ခပ်ဖွဖွရောနယ်သုပ်ပေးပါ။

စပ်စပ် ကြွပ်မွှေး ခရမ်းကြွပ်သီးသုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ….

crd

Credit : Facebook Shares

Ingredients

Directions