ကြေးအိုးဆီချက်ပြုလုပ်နည်း

1

ကြေးအိုးဆီချက်ပြုလုပ်နည်း

ကြေးအိုးပြုလုပ်နည်းကိုရေးပေးဖူးပေးမယ့် ကြေးအိုးဆီချက်လုပ်နည်းအတွက်ပြည့်ပြည့်စုံစုံကို အခုမှရေးပေးဖြစ်တော့တယ်။ ကြေးအိုးလုပ်နည်းကတော့ အရင်တုံးက အိစံပြောထားသလိုပါပဲ ဆိုင်ဖွင့်တဲ့ အန်တီကြီးက ပညာစားမချန်ပဲသင်ပေးထားလို့တတ်တာပါ။ ကြေးအိုးဆီချက်ချည်းပဲသတ်သတ်လုပ်ရင် တချို့ကတော့ ဟင်းရည်မလုပ်ပေမယ့် ဟင်းရည်လေးနဲ့မှပိုစားကောင်းမှာမို့ဟင်းရည်ကိုလဲ ပြုလုပ်စေချင်ပါတယ်။ တကယ်လို့ဟင်းရည်မလုပ်ပဲဆိုရင် ရေနွေးချည်းသတ်သတ်မှာ အသားလုံးများကိုထည့်မပြုတ်ပဲ ရေနွေးထဲကို အသားမှုန့်၊ သကြားတို့ထည့်ပြီးမှ ပြုတ်မှကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါ၀င်ပစ္စည်းများ (ကြေးအိုး ၅ ပွဲစာအတွက်)
၁။ ၀က်ရိုး (သို့) ကြက်ရိုး - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ တောက်တောက်ဆင်းထားသော အသား - ၅၀ သား (သို့) ၂ ပေါင်
၃။ ကြက်သွန်ဖြူ - ၃ တက် (တောက်တောက်ဆင်း)
၄။ မုန်ညင်းခါး - ၁ စည်း
၅။ ဆန်ကြာဇံ(၂၅ကျပ်သား) (သို့) ဂျုံခေါက်ဆွဲ (၅၀ကျပ်သား)
၆။ ငုံးဥ - ၁၀ လုံး
၇။ ငါးဖယ်လုံး - ၁၀ လုံး
၈။ ကြိုက်နှစ်သက်ရာ ကလီစာ (လျှာ၊ အူမကြီး၊ ကြက်မြစ်) - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၉။ ပဲငံပြာရည် -
၁၀။ ဆား - ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ သကြား (သို့) ဟင်းချို မှုန့်
၁၂။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၃။ ကြက်သားမှုန့်
၁၄။ ငရုတ်ကောင်းမှုန့် -လက်ဖက်ရည်ဇွန်း တ ၀က်
၁၅။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံ တပုံ
၁၆။ ကြက်သွန်ဖြူ ဆီချက်
(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )

ပြုလုပ်နည်း
၁။ ဟင်းရည်အိုးတည်နည်း
၀က်ရိုး (သို့) ကြက်ရိုးများကို ရေဖြင့် သုံးခါဆေးပါ။ ပြီးလျှင် ရေနွေးအိုးတည်ပါ။ရေနွေးပွက်လာလျှင်အရိုးများကိုထည့်ပါ။ အရိုးများထည့်ရ်ျ ရေပွက်ပြီး အမြှုပ်များထလာလျှင် မီးဖိုပေါ်မှချပြီး အိုးထဲမှ အရည်များကိုသွန်ပစ်ပါ။ အရိုးများကို ရေအေးအေးတွင် ပြန်ဆေးပါ။ အိုးထဲမှာ ညစ်ပတ်နေလျှင် အိုးကိုလဲပြန်ဆေးပါ။ ထို့နောက် အရိုးများကို ပြန်ထည့် ရေ ၄ လီတာ ထည့်၊ ဆား ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား( သို့) ဟင်းချိုမှုန့်ထမင်းစားဇွန်း ၃ ဇွန်းတို့ဖြင့် ဟင်းရည်အိုးကို မီးအေးအေးဖြင့် ၃ နာရီ ခန့်တည်ထားပါ။ (အချိုသိပ်မကြိုက်လျှင် သကြား(သို့) ဟင်းချိုမှုန့်ကိုလျော့ ထည့်ပါ။) ရေနည်းသွားလျှင် ထပ်ဖြည့်ပါ။
၂။ ကလီစာများကို ဆေးကျောပြီး သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်းတို့ဖြင့် ရေခမ်းပြုတ်ပြီး ပါးပါးလှီးထားပါ။
၃။ ဆန်ကြာဇံကို ပြုတ်ထားပါ။ (ဂျုံခေါက်ဆွဲသုံးလျှင်လဲ ရေနွေးဖြင့် အနည်းငယ်ဖျောထားပါ။)
၄။ ရေနွေးအိုးတခုတည်ရ်ျ ငါးဖယ်ကို ထည့်ပြုတ်ပါ။ ပြီးလျှင် ငါးဖယ်ကို ဆယ်ထားပါ။
၅။ ငုံးဥကို ပြုတ်ပြီး အခွံခွာထားပါ။
၆။ အသားလုံးလုပ်နည်း
အသားကို ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ ၃ တက်၊ ငရုတ်ကောင်းမှုန့်လက်ဖက်ရည်ဇွန်း တ ၀က်၊သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်းလေးပုံတပုံ တို့ဖြင်နယ်ရ်ျ နှပ်ထားပါ။ ( တချို့ဆိုင်တွေက ကော်မှုန့်ထည့်နယ်ပါသည်။ ကော်မှုန့်ထည့်ချင်လျှင် ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ။) အသားလုံးကို သုံးဆောင်ခါနီးမှ ထည့်ပြုတ်ရပါသည်။ (အသားလုံးကို ပြုလုပ်ရာတွင် ပန်းကန်ပြားလိုမျိုးအပြားပေါ်တွင် အပြားလိုက်ဖိထားပြီး ဇွန်းဖြင့် ဖဲ့ဖဲ့ထည့်တာကောင်းပါတယ်။ လက်ဖြင့်လုံးမည်ဆိုလျှင် အရမ်းဖိသိပ်မလုံးရပါ။ ဖွဖွလေးလုံးပါ။ ဖိသိပ်လုံးလျှင် ကျစ်ကျစ်ကြီးနဲ့မာသွားတတ်ပါတယ်။)
၇။ ကြေးအိုးဆီချက် (တပွဲစာအတွက်)
အခြားအိုးသေးသေးတလုံးထဲတွင် ဟင်းရည်အိုးထဲမှ ဟင်းရည် ယောက်ချိုဇွန်း ၃ ဇွန်း ကို ထည့်ပြီး မီးဖိုပေါ်တွင်တည်ပါ။ ပြီးလျှင် ၀က်သားလုံး ၁၀ လုံး ထည့်ပြီးပြုတ်ပါ။ ပွက်လာလျှင် ငုံးဥ၊ ကလီစာ၊ငါးဖယ်များ ထည့်၊ နောက်ဆုံးမှ မုန်ညှင်းရွက်များကိုထည့်ပါ။ ပွက်လာလျှင် မီးဖိုပေါ်မှချပါ။
ဆီချက်လုပ်မည့် ပန်းကန်ထဲတွင် ကြာဇံ (သို့) ဂျုံခေါက်ဆွဲကို ထည့် ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား (သို့) အချိုမှုန့်လက်ဖက်ရည်ဇွန်း တ ၀က် (သို့) ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ၀က်၊ ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်း နှင့် ပြုတ်ထားသော ဟင်းရည် ထမင်းစားဇွန်း ၄ ဇွန်းတို့ကိုထည့်ပြီး နယ်ပါ။ ဆီချက်ပေါ်ကို ဟင်းရည်ထဲမှ အသားလုံး၊ငါးဖယ်၊ ငုံးဥ၊ ကလီစာ၊ မုန်ညှင်းရွက်များကိုတင်ပါ။ ကြက်သွန်ဖြူ ကြော်နှင့် ကြက်သွန်မြိတ်ကို အပေါ်မှဖြူးပါ။ ဟင်းရည်လေးနှင့် တွဲရ်ျ သုံးဆောင်နိုင်ပါသည်။

Credit : Facebook Shares

Ingredients

Directions