ကြေးအိုးချက်နည်း

1

3 စင်တီမီတာခန်. အချပ်လိုက်လှီးထားသော မုန်ညှင်း ၃၅၀ ဂရမ်

ကြာဇံ ၅၂၀ ဂရမ်

ကုဆိုင် (Koo Chives) ၄ ချောင်း

ပဲပြားတုံး ၄ တုံး

ငါးဖယ်လုံး ၄ တုံး

ငုံးဥ ၄ လုံး

ဝက်သားလုံး ၈ လုံး

ဝက်ကလီစာ

(အူချို ၊အူမ ၊အသည်း၊ကျောက်ကပ်) ၁၈၀ ဂရမ်

===========================
ဝက်ပြုတ်ရည် အတွက် လိုအပ်သော ပစ္စည်းများ
===========================

ဝက်ရိုး ၁ ကီလိုဂရမ်

သကြား လဖ္ဘက်ရည်ဇွန်း ၂ ဇွန်း

ဆား လဖ္ဘက်ရည်ဇွန်း ၁ ဇွန်း

===========================
အသားနယ်ရန် အတွက် လိုအပ်သော ပစ္စည်းများ
===========================

ဝက်သား ၆၅၀ ဂရမ်

ငါးဖယ် ၁၀၀ ဂရမ်

ကော်မှုန်. ၈၀ ဂရမ်

သကြား ၆၀ ဂရမ်

ငရုတ်ကောင်း လဖ္ဘက်ရည်ဇွန်း ၂ ဇွန်းခွဲစာ

ဆား လဖ္ဘက်ရည်ဇွန်း ၂ ဇွန်းစာ

ရေ ဝ.၄၅ အောင်စ

ငရုတ်ဆီ ၈၀ ဂရမ်

ကြက်သွန်ဖြူ တစ်မွှာ

==============
ပြုလုပ်ပုံ အဆင့်ဆင့်
==============

ဝက်သား ၊ ငါးဖယ် ၊ ကော်မှုန့် ၊ သကြား ၊ ငရုတ်ကောင်း ၊ ဆားနှင့် ရေ တို.ကို ပန်းကန်လုံး အကြီးတစ်လုံးတွင် ထည့် ၍ 10 မိနစ်ခန်. လက်ဖြင့် သေချာစွာ နယ်ပေးပါ။

နယ်ထားပြီးသော အသားများကို ရေခဲသေတ္တာတွင် ၂နာရီခန်. ထားရပါမည်။

ဝက်ရိုးများကို ရေတွင် စင်ကြယ်စွာဆေးပြီး ဒယ်အိုးကင်းအကြီးတွင် ထည့် ၍ ဝက်ရိုးများဖုံးသွားသည်အထိ ရေထည့်ရပါမည်။

ပြုတ်ရည်အိုး ဆူပွက်လာသည် အထိ မီးပြင်းပြင်းဖြင့် ၁ နာရီခွဲခန်.ပြုတ်ထားပါ။

ပြုတ်ရည် ကြည်လာသည်အထိ ပုံမှန်စစ်ဆေးပေးပြီး ရေမျက်နှာပြင်ပေါ်တက်လာသည့် မလိုလားအပ်သည့်အရာများကို ခပ်ထုတ်ဖယ်ရှားပါ။

ပြုတ်ရည်အိုး ပွက်ပွက်ဆူလာလျှင် အိုးထဲမှ ဝက်ရိုးများကို ဖယ်ထုတ်ပြီး မီးဖို အရှိန် လျှော.ထားရပါမည်။

ကြာဇံများကို ရေအေးတွင် ၃၀ မိနစ်ခန်. စိမ်ထားပေးပါ။

ရေခဲသေတ္တာ အတွင်းရှိ နယ်ထားသော အသားများကိုယူ၍ စေးကပ်နေအောင် ထပ်မံ မွှေပေးရပါမည်။

နယ်ထားသော အသားများကို အတုံးလေးများ ဖြစ်အောင် တုံး၍ ပြုတ်ရည်အိုးအတွင်းသို. ထည့်ပါ။

၎င်းနောက် ဝက်သားလုံးများ ၊ ငါးဖယ်လုံးများ၊ ဝက်ကလီစာ (အူချို ၊အူမ ၊အသည်း၊ကျောက်ကပ်) နှင့် ငုံးဥ တို.ကို ပြုတ်ရည်အိုး အတွင်းသို. ထည့်ရပါမည်။

ကြာဇံများကို ရေထဲမှ ဆယ်ယူပြီး ပြုတ်ရည်အိုးထဲသို. ထည့်ပါ။ ဆား နှင့် သကြားကို အချိုးကျ ထည့်ပြီး အားလုံး နူးလာသည်အထိ ၃ မိနစ်ခန်. မွှေပေးပါ။

အသားကျက်လျှင် ကုဆိုင် နှင့် မုန်ညှင်းရွက်များ ထည့်ပြီး တည်ခင်း စားသုံးနိုင်ပါသည်။

ပိုမိုထူးကဲကောင်းမွန်သော ကြေးအိုး အရသာ အတွက် နှစ်သက်ရာ ဆော့စ် နှင့် တွဲဖက် စားသုံးနိုင်ပါသည်။

Credit : YKKO
Photo @ credit

Credit : Facebook Shares

Ingredients

Directions