ကြောင်လျှာပွင့်ခြောက်သုပ်

1

ကြောင်လျှာပွင့်ခြောက်သုပ်ကို ပထမဦးဆုံး အနေနဲ့ သုပ်စားဘူးတာပါ၊ ဝါးတဲ့အခါ မာထပ်ထပ်လေးနဲ့ တော်တော် စားကောင်းပါတယ်၊ သူအရောင်က ညိုမဲမဲလေးမို့ စားကောင်းသလောက် ဆွဲဆောင်မှုက နည်းနေတာနဲ့ ဘာတွေထည့်သုပ်ရမလည်း စဉ်းစားတော့၊ ပဲတောင့် ရှည်ပဲ နဲ့ ငရုပ်ပွ အနီ တို့နဲ့ တွဲသုပ်ဘို့ စိတ်ကူး ရမိပါတယ်၊ မြန်မာ အသီးရွက်သုပ်အများစု သုပ်နေကြလို မြေပဲလှော်မှုန့်ကို အများကြီး မသုံးထားပါဘူး၊ ဆီချက်ကိုတော့ နိုင်းနိုင်းသုံးရပါတယ်။ ကြောင်လျှာပွင့်ခြောက်လေးတေွ တကူးတက ပို့ပေးလိုက်တဲ့ မုံရွာက Facebook သူငယ်ချင်း မမြဝတ်ရည် ကို ကျေးဇူး အထူးတင်ပါတယ်။

ပါဝင်ပစ္စည်းများ
1. ကြောင်လျှာပွင့်ခြောက် ၁/၂ ခွက်
2. ငရုပ်ပွ (အနီ) တစိတ် (၁ လုံးရဲ့ လေးပုံတပုံ)
3. ပဲတောင့်ရှည်ပဲ ၃ တောင့်
4. ကြက်သွန်နီ ၁ လုံး
5. ငရုပ်သီးစိမ်း ၃ တောင့်
6. ဆား သင့်ရုံ
7. သကြား အနည်းငယ်
8. ကြက်သွန်နီဆီချက် ၂-၃ စားပွဲ ဇွန်း
9. မြေပဲလှော်ထောင်း ၂ လက်ဘက်ရည်ဇွန်း
10. နှမ်း ၁-၂ လက်ဘက်ရည်ဇွန်း
11. သံပုရာရည် သင့်ရုံ

ပြုလုပ်နည်း
1. ကြက်သွန်နီ၊ ငရုပ်ပွ၊ ငရုပ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ။
2. ဆေးကြော သန့်စင်ထားတဲ့ ပဲတောင့်ရှည်ပဲ ကို ရေနွေးဆူဆူတွင် စက္ကန့် ၃၀ ခန် ထည့်ပြုတ်ပီး ဆယ်ပါ၊ အအေးခံပီး ၁ လက္မ အရှည်လှီးထားပါ။
3. ကြောင်လျှာပွင့်ခြောက်ကို ရေဆေးပါ၊ ပွလာသည့်အထိ ရေစိမ်ထားပါ၊ ပွလာလျှင် ရေနွေးဆူဆူတွင် ၃၀ စက္ကန့် ၃၀ ခန် ထည့်ပြုတ်ပီး ဆယ်ပါ၊ အအေးခံပီး (အပွင့်လိုက်ဆိုလျှင်) အမျှင်လေးများရအောင် ခွာပီး ၁ လက္မ အရှည်လှီးထားပါ။
4. အားလုံး အဆင်သင့်ဖြစ်ပီဆိုလျှင် အသုပ်နယ်မည့် ဇလုံတွင် ပါဝင်ပစ္စည်းများထည့်ကာ ရောနယ်ပီး သုပ်ပါ။
Meemeetofu.com

Credit : Facebook Shares

Ingredients

Directions