ကြာရိုးနှင့်ကြက်သားအစပ်ကြော် ချက်နည်း
ကြက်ရင်ပုံသား.............. ၁၅ကျပ်သား
ကြာရိုး...........................၁စည်း
ကြက်သွန်ဖြူ.................... ၅တက်
ငရုတ်သီးစိမ်း နီ................၇တောင့်
ကြက်ရင်ပုံသားကိုခပ်ကြမ်းကြမ်းလေးနုပ်နုပ်စဉ်းပြီးအရသာနယ်ထားပါ။
ကြာရိုးကိုပင်စည်ရဲ့အမျှင်တွေဖယ်ရှားပြီး လက်တဆစ်ခန့်အရွယ်လှီးကာဆားပါ သောရေထဲမှာ(၅)မိနစ်ခန့်စိမ်ထားပါ။
ကြက်သွန်ဖြူ နှင့်ငရုတ်သီးစိမ်းနီကိုရောပြီး ခပ်ညှက်ညှက်ထောင်းပါ။
ဒယ်အိုးတစ်လုံးကိုဆီအနည်းငယ်ဖြင့်အပူ ပေးပါ။
ဆီပူလာလျှင်ထောင်းထားတဲ့ငရုတ်သီး အရောကိုထည့်ဆီသတ်ပါ။
မွှေးလာလျှင်ကြက်သားတွေထည့်ကြော်ပါ။
ငါးငံပြာရည်၊ခရုဆီ၊သကြား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်တို့ဖြင့်အရသာညီမျှအောင်ဖြည့်စွက်ပါ။
မီးရှိန်ကိုမြှင့်တင်ပြီးရေစိမ်ထားသောကြာရိုးလေးတွေကိုရေစစ်ပြီးထည့်ပါ။
အဖုံးခေတ္တအုပ်ထားပါ။အဖုံးပြန်ဖွင့်ပြီး(၃)မိခန့်ထပ်ကြော်ပေးပါ။
နှစ်သက်ပါကပင်စိမ်းရွက်လေးအုပ်လိုကအုပ်နိူင်ပါသည်။
#Crd
Credit : Facebook Shares
Ingredients
Directions