ကြာဆံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်လေးပါ

 ကြာဇံချက်အတွက် ပါဝင်ပစ္စည်းများ
 ပဲကြာဇံ – ၁၅ကျပ်သား (၂၄၀ ဂရမ်)
 ကြက်ရိုး – ၃၀ကျပ်သား(၄၈၀ ဂရမ်)
 ငါးဖယ် – ၁၀ ကျပ်သား (၁၆၀ ဂရမ်) Optional
 မှိုခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
 ပဲခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
 ပန်းခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
 ငုန်းဥ – ၁၀လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
 ကြက်သွန်နီ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
 ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
 နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
 ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
 ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
 ါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
 သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
 ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
 ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
 ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးပါ)
 နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
 သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
 ငါးငံပြာရည်
1

အရင်ဆုံး ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် စိမ်ထားပေးပါ။

2

ဒယ်အိုးထဲ ရေ(၄လီတာ)ထည့်ပြီ ကြက်ရိုးများကို ပြုတ်ထားပါ။

3

ရေ၃လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ကြက်ရိုးများကို ပြန်ဆယ်ကာ၊ အအေးခံပြီ ကြက်ရိုးမှ အသားများ နွှင်းပေးပါ။

4

ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးကာ ဆီများများဖြင့် ကြောပေးပြီ ပါးပါးလှီးပေးပါ။

5

ဒယ်ထဲ ဆီထည့် ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသပ်ပေးပါ။

6

ထို့နောက် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီ အသားနွှင်းထားသော ကြက်သားများကို ထည့်ပေးပါ။

7

အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပြန်လျှင်မီးပိတ်လိုက်ပါ။

8

ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုန်းဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို ကြာဇံချက် ချက်ရန် အသင့်ပြင်ထားပါ။

9

ချက်ပြုတ်နည်း ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။

10

ဆူလာလျှင် ကြက်သား၊ မုှိခြောက်၊ ပန်းခြောက်၊ ပဲခြောက်၊ ငါးဖယ်၊ ငုန်းဥ တို့ကို ထည့်ပြီ ၅မိန်ခန့် အဖုံးအုပ်ထားပါ။

11

အရသာအတွက် ငါးငံပြာရည်၊ ဆား၊ သကြား၊ တု့ိကို ထည့်ပြီ ရောမွှေလိုက်ပါ။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။

12

စောက်ပန်းကန်တစ်ခုထဲ ကြာဇံချက် လောင်းထည့် အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ထည့်ကာ ကြာဇံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ…

13

ရှောက်သီးသုပ်အတွက် ပါဝင်ပစ္စည်းများ

ရှောက်သီး – ၂လုံး (အခွံနွာ၊ အစေ့ထုတ်ပြီ ရှောက်သီး နွှာယူပါ)

မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းထားပါ)

ကြက်သွန်နီ – ၆လုံး (ပါးပါးလှီးပါ)

ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင် ထောင်းထားပါ)

ငပိ – စားပွဲတင်ဇွန်း ၂ဇွန်း

ငရုတ်သီးစိမ်း – ၈တောင့် (ပါးပါးလှီးပါ)

ဆား – စားပွဲတင်ဇွန်း တဝက်

သကြား – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ

နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)

ပြုလုပ်နည်း

14

အရင်ဆုံး ဇလုံထဲတွင် (ရှောက်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ငပိ၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား) တို့ကို ထည့်လိုက်ပါ။

15

သမအောင် လက်ဖြင့် ခပ်ဖွဖွ ရောနုယ်ပြီ အပေါ်မှ နံနံပင်အုပ်ကာ ကြာဇံချက်ပူပူလေး နှင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…

Credit and Ref : https://bit.ly/2GEGYwh

Ingredients

Directions