ကြက်ဥပူတင်း အမြန်လုပ်နည်း

1

ကြက်ဥ ၅လုံး၊

နွားနို့၅၀သား ၊

ပေါင်မုန့် ၁ချပ် (ပျော့ပျော့လေး စားချင်ရင် မထည့်လည်းရ) ၊

Equal သကြားထုပ်သေး ၁၀ထုပ်၊

(ချိုတာကြိုက်လျှင် ၁၅ထုပ်လောက်ထည့်ပါ။)

ဆား အနည်းငယ်။

========
ပြုလုပ်နည်း
========

နွားနို့ကို ကျအောင် တည်ပါ။ အရမ်းကျစရာလည်း မလိုပါ။ ပုံမှန်လောက် ကျရင် အအေးခံပါ။

မြန် ချင်ရင် အိုးကို ရေအေးစိမ်လိုက်ပါ။

နွားနို့အေးပြီဆို ကြက်ဥဖောက်ထည့်ပါ။ Equal သကြားထုပ်တွေ ထည့်ပါ။

ဆားနည်းနည်း ထည့်ပါ။ ပေါင်မုန့်ကို သေးသေးလေးတွေ ခြွေထည့်ပါ။ ဘေးသား မထည့်ပါနဲ့။ (အရမ်းပျော့ပျော့လေး စားချင်လျှင် ပေါင်မုန့်မထည့်ပါနဲ့။) အားလုံး ထည့်ပြီးပါက သမအောင် မွှေပါ။ သေချာ ခလောက်ပါ။

ပြီးလျှင် ရေနွေးငွေ့ဖြင့် ပေါင်းရပါမည်။ အိုးအတိုင်း သို့မဟုတ် ကိုယ်စားချင်တဲ့ ပန်းကန် တွေ / ပုံစံခွက်လေးတွေ နဲ့လည်း ပေါင်းနိုင်ပါတယ်။ ပေါင်းအိုးထဲမှာ မိမိထည့်သောခွက်/အိုး များကို အဖုံး တဆင့်အုပ်ပြီးမှ ပေါင်းပါ။

ခွက် သေးလေးတွေဆို ၁၀ မိနစ် နဲ့ အိုးလိုက်ဆို မိနစ် ၂၀ လောက် ထားပေါင်းပေးပါ။ ပြီးလျှင် ကျန်းမာရေး နဲ့ အထူးသင့်လျော်တဲ့ homemade ကြက်ဥပူတင်း နူးနူးညံ့ညံ့ အိစက်စက်လေးကို စားသုံးနိုင်ပါပြီ။

ကျန်းမာစွာ စားသုံး ပြုံးပျော်နိုင်ကြပါစေ။

Credit: ဝါဝါနှင့်အစားအသောက်များ

Credit : Facebook Shares

Ingredients

Directions