ကြက်သွန်မြိတ် ဟင်းထုပ်

1

ကြက်သွန်မြိတ် ဟင်းထုပ်

ပူပူနွေးနွေးဟင်းထုပ်အိအိလေး စားခဲ့ဘူးသူ၊ ကြိုက်နှစ်သက်သူတို့ ကိုယ့်ဘာသာ ပြန်လုပ်စားတဲ့အခါမှာ အဓိက ကြုံရလေ့ရှိတဲ့ ပြသနာကတော့..မာမာကြီးဖြစ်နေတတ်တာပါ။ ကိုယ်စားခဲ့ဘူးတဲ့ ဟင်းထုပ်လေးတွေကို ပြန်သတိရရင်း ဆန်မှုန့်ကိုအများကြီး ထည့်ရမှာဘဲ၊ အသီးရွက်က ပါလေရာလေးထည့် ရတာလို့ ထင်ချင်စရာ၊ တကယ်တော့ ထည့်တဲ့ အသီးရွက်ရဲ့ အလေးချိန်ကစုစုပေါင်းက ဆန်မှုန့် အလေးချိန်ထက်များပါတယ်..။ ရေထည့်တာ လည်း နဲသွားတတ်လို့ မာတတ်ပါတယ်..။ ထည့်တဲ့ အသီးအရွက်မှာ ပါဝင်တဲ့ ရေ ပမာဏ အနည်းအများအပေါ်မူတည်ပီး ရေကို ချင့်ချိန်ထည့်ရတာမို့ ရေပမာဏကို အတိအကျ ပြောဘို့ ခက်ပါတယ်။ တချို့က ရေဆေးပီးကာစ ရေရွှတ်ပတ် ဖြစ်နေတဲ့ အသီးအရွက် ထည့်သုံးမယ်..တချို့က ရေဆေးရေစစ်ထားတဲ့ သွေ့နေတဲ့ အသီးအရွက် ထည့်သုံးမယ်၊ အဲဒီ ကွာဟချက်ကြားမှာ ချက်နည်းပေးသူက ရေ အတိအကျ ဘယ်လောက်ပါလို့ ပြောမိရင် လွဲကုန်တော့မှာ အသေချာ၊ ဒါကြောင့် ရေ ပမာဏ သင့်ရုံလို့ သာ ရေးလိုက်ပါတယ်..။

ပါဝင်ပစ္စည်းများ
1. ကြက်သွန်မြိတ် ၁၀၀ ဂရမ်
2. ဆန်မှုန့် ၃၀ ဂရမ်
3. ကော်မှုန့် ၁ လက်ဘက်ရည်ဇွန်း
4. ရေ သင့်ရုံ
5. ဆား သင့်ရုံ
6. ဆီ ၂ စားပွဲဇွန်း
7. ငှက်ပျောရွက် ၃-၄ ထုပ်စာ

တွဲဘက်စားရန်
1. ကြက်သွန်ဖြူကြော်ဆီချက်
2. ငရုပ်သီးကြော်
3. ဂေါ်ဖီ
4. ဆန်လုံးဆီကြော်
5. ဂျူးမြစ်

ပြုလုပ်ပုံ
1. ဇလုံကြီးကြီးတခုထဲမှာ၊ ဆန်မှုန့်၊ ကော်မှုန့်၊ ဆား၊ ဆီ နဲ့ ရေထည့်ပီး သမအောင်မွှေပေးပါ၊ သမသွားတဲ့အခါ ကြက်သွန်မြိတ် ထည့်ပီးနယ်ပါ၊
2. ငှက်ပျောရွက်တွင် ထည့်ပီး ထုတ်ပါ၊
3. ပေါင်းမည့်အိုးတွင် အပေါက်ပါသော ပေါင်းဇကာထည့်ပါ၊ ရေ ထည့်ပီး ဆူအောင်တည်ပါ၊ အဖုံးလုံရပါမည်။
4. ပေါင်းဇကာတွင် ဟင်းထုတ်များ ထည့်ပြီး မိနစ် ၂၀ ခန့် ပေါင်းပါ၊

Credit : Facebook Shares

Ingredients

Directions