ကြက်သံပုရာပေါင်းနည်း

1

ကြက်သားကို ဆီပြန်ချည်း ချက်စားရတာ ရိုးအီလာရင် ဒီလိုချက်ကြည့်ပါ။ ကြက်သားအခြမ်းလိုက်ကို ငါးသံပုရာပေါင်းသလို ပေါင်းထားတာပါ။

အရသာကို အသားထဲစိမ့်ဝင်အောင် ဆား သကြား သံပုရာရည်နဲ.တစ်ညနှပ်ထားပါတယ်။ စကာပါတဲ့ပေါင်းအိုးနဲ.ပေါင်းထားတာဆိုတော့ အသားတွေကြေမသွားပဲ နူးအိပြီး စားလို.အရမ်းကောင်းပါတယ် ။

=============
ပါဝင်သောပစ္စည်းများ
=============

CPကြက် – ၁ ခြမ်း

ငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

သံပုရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

ငရုတ်သီးစိမ်း – ၇ တောင့်(ပါးပါးလှီးပါ)

ကြက်သွန်ဖြူ – ၅မွှာ (နုတ်နုတ်စင်း)

ဂျင်း -လက်တစ်ဆစ်(နုတ်နုတ်စင်း)

စပါးလင် - ၁ ပင် (နုတ်နုတ်စင်း)

ရှမ်းနံနံ - ၅ ရွက် (ပါးပါးလှီးပါ)

နံနံပင် - လက်တစ်ဆုပ် (ပါးပါးလှီး)

ဆား – လက်ဖက်ရည်ဇွန်း တဝက်

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်

သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

=========
ချက်ပြုတ်နည်း
=========

အရင်ဆုံးကြက်သားထဲ အရသာစိမ့်ဝင်အောင် ဓါးနဲ.မြှောင်းပြီး ဆား သကြား သံပုရာနဲ.သမအောင်နယ်ပေးပါ။

ပြီးရင် ရေခဲသေတ္တာအောက်ထပ်မှာ တစ်ညနှပ်ထားပါ။

ကြက်သားပေါင်းမည့်အိုးထဲ စပါးလင်တစ်ပင်၊ဂျင်း လက်တစ်ဆစ်နှင့် ရေထည့်ပါ။

စကာပေါ်နှပ်ထားတဲ့ကြက်သားကို ထည့်ပြီး မိနစ် ၂၀/၂၅ ခန်.ပေါင်းပေးပါ။

ကြက်သားကျက်ပြီဆိုရင် ကြက်သားကို ပန်းကန်ထဲပြောင်းထည့်ပါ။

ဆော့ရည်အတွက် ပြင်ဆင်ပါမည်။

ဆော့ရည်အတွက် ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ်ခုထဲသို.ထည့်ပါ။

ပြီးရင် ပေါင်းထားတဲ့ ကြက်ပေါင်းရည်အနည်းငယ်နဲ.သမအောင်ရောပေးပါ။

အရသာမြည်းပါ။လိုသလိုပြင်ပါ။

ပြီးရင် ဆော့ရည်ကို ပန်းကန်ထဲက ကြက်သားပေါ်လောင်းချပါ။

သံပုရာသီးတစ်လုံးကို အကွင်းလိုက်လှီးပြီး ကြက်သားပေါ်စီထည့်ပါ။

အခုဆိုရင် စားလို.အရမ်းကောင်းတဲ့ ကြက်သံပုရာပေါင်းလေး ရပါပြီ 😉

မှတ်ချက်။ ။သံပုရာသီးက နောက်ဆုံးမှ လှီးပြီး အလှဆင်ပါ။

တစ်ချို.က ပေါင်းတဲ့အခါ သံပုရာသီးအခြမ်းပါ ထည့်ပေါင်းမိရင် ခါးမယ်နော်

Credit - ကိုကျော်မင်းထွေး

Credit : Facebook Shares

Ingredients

Directions