ကြက်သားအစာသိပ် အာလူးကတ်တလိတ်

1

ကြက်သားအစာသိပ် အာလူးကတ်တလိတ်
(Chicken filled in Potatoes Cutlet)

ပါဝင်တဲ့ Ingredients က အိမ်မှာ အဆင့်သင့်ရှိမှာမို့ အခုပဲ ပြင်ဆင်ပြီး ကြော်ရအောင်။

Ingredients:
အာလူးအကြီး ၂~၃လုံး
ကြက်သား ၅ကျပ်သား
ပဲငံပြာရည် ဇွန်းသေး ၂ဇွန်း
ကြက်သွန်နီအနေတော် ၁လုံး
ကြက်သွန်ဖြူ ၂မွှာ
မဆလာ ဇွန်းသေး ၂ဇွန်း
ကြက်ဥ ၁လုံး
ဂျုံမှုန့် အနည်းငယ်
ဆား အနည်းငယ်
ဆီ

Preparation Method:
ကြက်သားအစာသိပ်ပြင်ဆင်ပုံ
၁) ကြက်သားကို ရေဆေးပြီး တောက်တောက်စင်းပါ။ ဆား အနည်းငယ်၊ ပဲငံပြာရည်တို့နှင့် နယ်ပါ။
၂) ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ပါးပါးလှီးပြီး တောက်တောက်စင်းပါ။
၃) ဒယ်အိုးထဲ ဆီပါလေကာထည့်ပြီး ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အရင်လှိမ့်ပါ။ ပြီးလျှင် ကြက်သား ထည့်ပါ။ အသားထဲမှ ရေခမ်းပြီး ခပ်ခြောက်ခြောက်ဖြစ်လာလျှင် မဆလာထည့်မွှေပြီး အအေးခံပါ။

၄) အာလူးကို ပြုတ်၊ အခွံခွာပြီး ညက်အောင် ထောင်းပါ။ ဆား အနည်းငယ်ထည့်ထောင်းပါ။

၅) ကြက်ဥထဲမှ အနှစ်ကို ဖယ်ပြီး အကာရည်ကို ပန်းကန်တလုံးထဲ ထည့်ပါ။ ဂျုံမှုန့် အနည်းငယ်ကို ပန်းကန်ပြားထဲ ထည့်ပါ။

၆) ထောင်းထားတဲ့ အာလူးကို အနေတော်ယူပြီး အရင်လုံး၊ ပြီးမှ လက်ဝါးပေါ် အသာလေးဖြန့်ပါ။ ကြက်သားအစာကို လိုသလောက် ထည့်ပြီး ဘေးအနားသားများကို အလယ်စုပြီး လုံအောင်ပိတ်ပါ။
၇) ပြီးလျှင် ကြက်ဥအကာရည်ဖြင့် သုတ်လိမ်းပြီး ဂျုံမှုန့် အနည်းငယ်ဖြင့် လူးပါ။ ပန်းကန်ပြားထဲ စီထည့်ထားပါ။

၈) ဒယ်အိုးထဲ ဆီထည့်ပြီး မီးအေးအေးဖြင့် ကြော်ပါ။ တဖက် ကျက်မှ နောက်တဖက် ပြောင်းပြီး ကြော်ပါ။

အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်တဲ့ ကြက်သားအစာသိပ် အာလူးကတ်တလိတ်ပူပူလေး ရပါပြီရှင်။
Crd.kae kae See less

Credit : Facebook Shares

Ingredients

Directions