ကြက်သားအချောင်းကြော်ကြွပ်ကြွပ်လေး

1

ကြက်သားအချောင်းကြော်ကြွပ်ကြွပ်လေး

ပါဝင်တဲ့ပစ္စည်းက ၄ မျိုးထဲပါ။ လုပ်နည်းလွယ်ကူပြီး အရမ်းစားကောင်းလို့လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်သား အသားချည်း -၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၁ ဇွန်း နှင့်လက်ဖက်ရည် ဇွန်း ၁ ဇွန်း
၃။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၄။ အကြော်မှုန့်- ထမင်းစားဇွန်း ၄ ဇွန်း မောက်မောက်

ပြုလုပ်နည်း
၁။ ကြက်သားကိုရေဆေးပြီးလျှင် ရေစင်အောင်စစ်ထားပါ။ (သို့) ရေပြောင်အောင် စက္ကူ နှင့်သုတ်ပါ။
၂။ ကြက်သားကို အချောင်းလိုက်ကလေးတွေလှီးပြီး သကြားနှင့်ပဲငံပြာရည်တို့ဖြင့် မိနစ် ၃၀ ခန့်နှပ်ထားပါ။ (မနှပ်ပဲကြော်လို့လဲရပါတယ်။ ကြာကြာနှပ်ထားရင်တော့ ပိုစားကောင်းပါတယ်။)
၃။ ကြော်ခါနီးတွင် အကြော်မှုန့်အကုန်လုံးကို ထည့်ပြီး ကြက်သား အချောင်းတွေ တွဲမနေပဲ တချောင်းချင်းစီမှာ အကြော်မှုန့်များများကပ်နေအောင် နယ်ပေးပါ။ (အကြော်မှုန့်များအနည်းငယ် ပိုနေတတ်ပါသည်။ ရေလုံးဝမထည့်ရပါ။)
၄။ ဒယ်အိုးထဲတွင် ကြော်ရန် ဆီထည့်ပြီး ဆီအရမ်းပူလာမှ ထည့်ကြော်ပါ။ အညိုရောင် သန်းလာလျှင် ဆီအိုးထဲမှ ဆယ်ပြီး ဆီစစ်ထားပါ။ ကြက်သားကြော် ကြွပ်ကြွပ်ပူပူလေးကို သုံးဆောင်နိုင်ပါသည်။

Crd.eisan See less

Credit : Facebook Shares

Ingredients

Directions