ကြက်သားဟင်းနဲ့ ပြည်ပလာတာချက်နည်း (၂) နည်း

1

ပြည် ပလာတာ (၁၀ယောက်စာ)

ပလာတာ ၁၅ချပ်

ကြက်သား ၅၀ကျပ်သား

အာလူး ၃၅ကျပ်သား

ကုလားပဲ ၂၀ကျပ်သား

ငရုတ်ပွခြောက် ၆တောင့်

ကြက်သွန်နီ ၄လုံး

ချင်း လက်တစ်ဆစ်

ကရဝေးရွက် ၂ခု

ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း၂ဇွန်း

မဆလာ အနည်းငယ်

ဆီ စားပွဲတင်ဇွန်း၁၀ဇွန်း

ဂေါ်ဖီထုပ် တစ်စိတ်(ခြစ်ထားပါ)

ကြက်သွန်နီ ၅လုံး(ပါးပါးလှီးထားပါ)

ငရုတ်သီးစိမ်း အနည်းငယ်

သံပုရာသီး ၅လုံး

ပူစီနံ ၂စည်း

~ကုလားပဲများကို(၃)နာရီခန့်ရေစိမ်ပီးနူးအောင်ပြုတ်ထားပါ။ပဲနူးလျှင်အအေးခံ၍ကြိတ်စက်(Blender)ထဲသို့ထည့်ကြိတ်ကာအိုးအကြီးတစ်လုံးထဲသို့ပြောင်းထည့်ထားပါ

~ကြက်သားများကိုအရွယ်တော်အတုံးများတုံး၍ရေဆေးပီးအရသာမှုန့် နနွင်းမှုန့် ဆား မဆလာတို့ဖြင့်နယ်ကာရေခဲသေတ္တာထဲတွင်(၂)နာရီခန့်နှပ်ထားပါ

~ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့ထုတ်ပီးကြက်သွန်နီ ချင်းတို့နှင့်ရောကာညက်အောင်ထောင်းထားပါ

~အာလူးများကိုအခွံခွာ၍လေးစိတ်စိတ်ကာရေစင်အောင်ဆေးပါ။ထို့နောက်အရသာမှုန့် ဆားတို့ဖြင့်နယ်ကာဆီပူပူတွင်(၃)မိနစ်ခန့်ဟိုဘက်ဒီဘက်လှန်ကာကြော်ပီးဆယ်ထားပါ

~ထိုဆီထဲသို့ကရဝေးရွက်နှင့်ပဲနံ့သာစေ့တို့ကိုထည့်မွှေပီးအနံ့မွှေးလာလျှင်ထောင်းထားသောအနှစ်များကိုထည့်၍ဆီသတ်ပါ

~အနှစ်များမွှေး၍ကြွပ်လာလျှင်ကြက်သားများထည့်လုံးပါ။အသားများကျစ်လာလျှင်အာလူးထည့်မွှေပီးရေနွေးကိုနည်းနည်းချင်းစီထည့်၍ချက်ပေးပါ

~ကြက်သားနှင့်အာလူးများနူးလာလျှင်ကုလားပဲအနှစ်အိုးထဲသို့ထည့်မွှေပေးပါ

~ထို့နောက်ရေနွေးကိုမပျစ်မကျဲရောပေး၍အရသာမြည်းကာစိတ်ကြိုက်ဖြစ်လျှင်မီးပိတ်ပေးလို့ရပါပီ

~စားခါနီးလျှင်ပန်းကန်တစ်ခုထဲသို့ပလာတာများမွှထည့်ပေးပီးအပေါ်မှကြက်သားအာလူးပဲရည်ဆမ်း ဂေါ်ဖီ ကြက်သွန်နီ ငရုတ်သီးစိမ်း ပူစီနံနှင့်သံပုရာရည်ထည့်ကာရောမွှေသုံးဆောင်နိုင်ပါပီ...

Credit to ဟင်းချက်နည်းများ

#ကြက်သားဟင်းနဲ့ ပြည် ပလာတာချက်နည်း နောက်တစ်နည်း

ကြက်သား ပြည်ပလာ တာ ဆိုပေမယ့် ပလာတာ တစ်မျိုးတည်းနဲ့ မစားပါဘူး။ ပလာတာ၊ စမူဆာ ၊ ကော်ပြန့်ကြော် တို့နှင့် ပါ တွဲဖက်ပြီး သုံးဆောင်ပါတယ် ။

ပါဝင်ပစ္စည်းများ

ပလာတာ

ကြက်သာ

ကြက် အသည်းအမြစ်

ကြက် လည်ပင်းရိုး

တောင်ပံ

ခြေထောက်

ဆား

နနွင်းမှုန့်

ကြက်သားမှုန့်

အရသာမှုန့်

ဟင်းချိုမှုန့်

ပဲမှုန့် အစိမ်း

ရေ

အားလူးအလုံးသေးများ

လေညှင်း ၄ပွင့်

ဖာလာစေ့ ၄စေ့

ငရုတ်ကောင်း ၃ စေ့

ကြက်သွန်နီ

ကြက်သွန်ဖြူ

ဂျင်း

ဆီ

ငရုတ်သီး အရောင်တင်မှုန့်

မဆလာ အနည်းငယ်

ကလာဝေးရွက်

သစ်ဂျပိုးခေါက်

စမူဆာ

ကော်ပြန့်

ဂေါ်ဖီ

ကြက်သွန်နီ

ရှောက်ရွက်

နံနံပင်

ပူစီနံ

ငရုတ်သီးစိမ်း

သံပုရာသီး

ပြုလုပ်နည်း

ပြည်ပလာတာ ချက်ရန် အတွက် ကြက်သား ၊ ကြက်အသည်းအမြစ် ၊ ကြက်လည်ပင်းရိုး ၊ တောင်ပံ ၊ ခြေထောက် စသည်တို့ပါ ထည့်ပြီး ချက်လျှင် ပိုပြီး စားကောင်းပါတယ် ။

ပထမဆုံး ကြက်သား ၊ ကြက် အသည်းအမြစ် ၊ နှလုံး၊ ကြက်လည်ပင်းရိုး ၊ တောင်ပံ၊ ခြေထောက် အားလုံးတို့ကို ရေစင်အောင် ဆေးပြီး အတုံးသေးသေးလေးတွေ တုံးကာ ဆား ၊ နနွင်းမှုန့် ၊ ကြက်သားမှုန့် ၊ အရသာမှုန့် ၊ ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ တစ်မျိုးမျိုး ထည့်နယ် ထားပါ ။
ပဲမှုန့် အစိမ်းကို ရေနှင့်ချေပြီး ဖျော်ကာ အိုးအကြီးတလုံး ထဲတွင် မကြာခဏ မွှေပေးကာ ၊ ပဲအစိမ်းနံ့ ပျောက်သည် အထိ ကြာကြာလေး တည်ထားပါ ။

အားလူးအလုံးသေးများကို အခွံနွှာပြီး ဆားအနည်းငယ်နှင့် ရေစိမ်ထားပါ ။

လေညှင်း ၄ပွင့်၊ ဖာလာစေ့ ၄စေ့၊ ငရုတ်ကောင်း ၃ စေ့ တို့ကို ညက်အောင် ထောင်းထားပါ ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း တို့ကိုလည်း ညက်အောင်ထောင်းပြီး အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်း အနည်းငယ်ဖြင့် ဆီသတ်ပါ ။ ကြက်သွန်များ ရွှေရောင် သန်းပြီး မွှေးလာပါက မီးအရှိန်ရှော့ကာ ငရုတ်သီး အရောင်တင်မှုန့်၊ မဆလာအနည်းငယ်၊ ကလာဝေးရွက်၊ သစ်ဂျပိုးခေါက် နှင့် ညက်အောင်ထောင်းထားသော လေညှင်း ၊ ဖာလာစေ့၊ ငရုတ်ကောင်းစေ့ တို့ကို ထည့်ပြီး စက္ကန့်ပိုင်းမျှ ကြာအောင် မွှေကာ ၊ လုံးထားသော ကြက်သား ၊ ကြက် အသည်း အမြစ် ၊ ကြက်ရိုး အားလုံးတို့ကို ထည့်ပြီး မီးအရှိန်ကို ပုံမှန်ပြန်ထားကာ ကြက်သားများကို ကြာကြာလေး လုံးပေးပါ ။

ကြက်သားများ ရေခမ်းပြီး ဆီပြန်လာလျှင် အသင့်ကျိုထားသော ပဲရည်အိုးထဲသို့ ဖြေးဖြေးချင်း ထည့်ကာ တည်ထား ပေးပါ ။
ပြီးနောက် အားလူး များကို ရေပြန်ဆေးကာ ဟင်းအိုး ထဲသို့ ထည့်ပြီး မွှေပေးပါ ။ ဟင်းအိုး ကို မကြာခဏမွှေမွှေပေးပါ ။ အောက်တွင် ပဲအနှစ်များ ကပ်ပြီး တူးနိုင်ပါသည်။

ဟင်းအရည်များ ပွက်ပွက် ဆူလာလျှင် ကြက်သားများနှင့် အားလူးများ နူး ၊ မနူးနှင့် အပေါ့အငံမြည်းကြည့်ကာ လိုအပ်သည်များကို ထပ်ထည့်ပါ ။
ကြက်သား များနှင့် အားလူး များ အားလုံးနူးပြီး ဆိုလျှင် ကြက်သား ပြည်ပလာတာ အတွက် ကြက်သား အားလူး ဟင်း အရည်လေး သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီ ။

ပလာတာ ၊ စမူဆာ ၊ ကော်ပြန့် တို့ကို ကြော်ထားပါ ။
ဂေါ်ဖီ ၊ကြက်သွန်နီ ၊ ရှောက်ရွက် ၊ နံနံပင် ၊ ပူစီနံ ၊ ငရုတ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ ။

ပန်းကန်လုံးတစ်ခုထဲတွင် ပလာတာ ၊ စမူဆာ ၊ ကော်ပြန့် တို့ကို အနေတော် ညှပ်ထည့်ပါ ။

ကြက်သား အာလူးဟင်းရည်ကို မွှေပြီးခပ်ထည့်ပါ။ ပါးပါး လှီးထားသော ဂေါ်ဖီ ၊ ကြက်သွန်နီ ၊ရှောက်ရွက် ၊ နံနံပင် ၊ပူစီနံ ၊ ငရုတ်သီးစိမ်း တို့ကို ထည့်ပါ ။

သံပုရာရည် ညှစ်ကာ အားလုံးကို ရောနယ်ပြီး အပေါ့အငံ မြည်းကာ အရသာ ကောင်းမွန်သော ချဉ်ချဉ် ငံငံ စပ်စပ် ၊ ကြက်သား ပြည်ပလာတာ ပူပူလေး သုံးဆောင်လို့ ရပါပြီ ။

Credit to ဒေါ်ပုလက်ရာ

Credit : Facebook Shares

Ingredients

Directions