ကြက်သားနှင့်ဆင်ခရမ်းသီးရခိုင်သောက်ဆမ်းချက်နည်း

1

ကြက်သား..................၄၀ကျပ်သား

ဆင်ခရမ်းသီး................၄လုံး

ငရုတ်သီးစိမ်း...............၁၅တောင့်ခန့်

စိမ်းစားငါးပိ..................၁ဇွန်း

အာပူရွက်(သို့)နံနံပင်.....အနည်းငယ်

ဟင်းရွက်ဆီ................၃ဇွန်း

➡ဇွန်း=ထမင်းစားဇွန်း

ကြက်သားကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးငယ်လေးများတုံးကာနနွင်းမှုန့်အနည်း ငယ်၊ဟင်းခတ်မှုန့်၊စိမ်းစားငါးပိတို့ဖြင့်အရသာနယ်ထားပါ။

ငရုတ်သီးစိမ်း တွေကိုအညှာခြွေပြီးရေခမ်းအောင်ပြုတ်ကာညှက်နေအောင်ထောင်းပါ။

ဆင်ခရမ်းသီးတွေကိုအခွံခွာပြီးလေးစိတ်ခွဲကာဆားပါသောရေမှာခေတ္တစိမ်ထားပါ။

အိုးတစ်လုံးအတွင်းမှာ အရသာနယ်ထားတဲ့ကြက်သားတွေကိုထည့်ပြီးဟင်းရွက်ဆီ(၃)ဇွန်းခန့်လောင်းထည့်ပြီးမီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးချက်ပါ။

ကြက်သားတွေတဝက်လောက်နူးအိပြီဆိုရင်ပြုတ်ပြီးထောင်းထားတဲ့ငရုတ်သီးနှင့်ဆင်ခရမ်းသီးလေးတွေထည့်ပါ။

အဖုံးအုပ်ထားပါ။ ကြက်သားရောစိန်ခရမ်းသီး လေးတွေပါနူးအိပြီဆိုမှသစ်သားယောင်းမလေး နှင့်ဖြည်းညင်းစွာမွှေပေးပါ။

အာပူရွက်လေးတွေအုပ်ပေးပါ။ ရခိုင်ရိုးရာအရအာပူရွက်လေးတွေသုံးရမှာဖြစ်ပေမယ့်အာပူရွက်အလွယ်တကူမရနိူင်တာကြောင့် ကျွန်တော်က တော့နံနံပင်လေးတွေပဲအုပ်ပေးလိုက်ပါတယ်။

Credit : Facebook Shares

Ingredients

Directions