ကြက်သားထောင်းကြော်

1

ကြက်သားထောင်းကြော်

အခြောက်ကြော်လေးတွေ တင်ပေးပါဆိုလို့ကြက်သားထောင်းကြော်လေး အရင်တင်ပေးလိုက်တယ်နော်။ မွမွလေးနဲ့အရသာရှိရှိစားကောင်းလို့လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ အသားချည်း ကြက်သား - ၂၅ ကျပ်သား
၂။ ကြက်သွန်နီ - ၅ လုံး
၃။ ကြက်သွန်ဖြူ - ၅ မွှာ
၄။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်
၅။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ဆနွင်း - လက်ဖက်ရည် ဇွန်း - တ ဝက်
၇။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
၈။ ကြော်ရန် ဆီ
၉။ ငရုတ်သီးအကြမ်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်သားကိုအတုံးများတုံးရျ် ဆား ၊အချိုမှုန့်အနည်းငယ်ထည့်ရျ် ရေအနည်းငယ်နှင့် ရေခမ်းပြုတ်ပါ။
၂။ ပြုတ်ပြီးသား ကြက်သားကို မွနေအောင်ထောင်းပါ။ ကြက်သွန်နီ ပါးပါးလှီးပါ။ ကြက်သွန်ဖြူကိုလဲပါးပါးလှီးထားပါ။
၃။ ဆီဒယ်အိုး တခုထဲမှာ ဆီများများဖြင့် ကြက်သွန်ဖြူကို ရွှေ ဝါရောင်သန်းအောင်ကြော်ပြီး ဆီစစ်ထားပါ။ ကြက်သွန်နီကို လဲ ရွှေဝါရောင်သန်းအောင်ကြော်ပြီး ဆီစစ်ထားပါ။
၄။ ကြက်သားကြော်ရန် အတွက် ဒယ်အိုးအလွတ်တခုထဲတွင် ဆီ ထမင်းစားဇွန်း ၈ ဇွန်း ထည့်အပူပေး၊ ပူလာလျှင် ဆနွင်းကို ထည့်ဆီသတ် ပြီးလျှင် ထောင်းထားသော ကြက်သားများကို ထည့်၊ငံပြာရည်ကို ထည့်ရျ် ကြော်ပါ။ (ပထမဆီခြောက်နေပါလိမ့်မည်။ နောက်မှ ဆီများထွက်လာပါလိမ့်မည်။)
၅။ ဆီစထွက်လာလျှင် ငရုတ်သီးအကြမ်မှုန့်ကိုထည့်ကြော်ပါ။ ဆီထွက်လာပြီး ကြက်သားများမွပြီးကြွပ်လာလျှင် ဒယ်အိုးကို မီးဖိုပေါ်ပါ။ အသားကို ဇကာအစိပ်ထဲထည့်ပြီး ဆီစစ်ပါ။ (သို့) အသားကို ဒယ်အိုးရဲ့တခြမ်းကို ပို့ပြီး ဒယ်အိုးကို စောင်းထားပါ။ (ဆီများ အခြားတဖက်ကို ကျသွားအောင်လို့ပါ။) ထို့နောက် အအေးခံထားပါ။
၆။ အအေးခံထားသော ကြက်သားမွကြော်များကို ကြော်ထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူတို့ကိုရောပါ။ ပြီးလျှင် ပုလင်းအသန့်တခုထဲထည့်ပြီး လေလုံအောင်ထားပါ။ ၁ လလောက်ထားပြီး စားနိုင်ပါတယ်။

Crd.eisan See less

Credit : Facebook Shares

Ingredients

Directions