ကြက်သားဆန်ပြုတ်

1

ကြက်သားဆန်ပြုတ်

အသားဆန်ပြုတ် ပြုတ်မယ်ဆိုရင် အသားညှီနံ့ သက်သာအောင် ဒီနည်းလေးတွေနဲ့ ပြုတ်ကြည့်ပါ။

၁။ အရိုးနဲ့ပဲဖြစ်ဖြစ် အသားနဲ့ပဲဖြစ်ဖြစ် ပြုတ်မည်ဆိုလျှင် အသားတွေ အရိုးတွေကို ပြုတ်မယ့် အိုးထဲသို့ ရေနဲ့ သေချာ ဆေးကြော သန့်စင်ပြီး ထည့်ပါ။
ဆားအနည်းငယ် ထည့်ပြီး အိုးထဲမှာ ရေခြောက်သွားပြီး အသားတင်းသည်အထိ အရင်
လှိမ့်ပေးပါ။ အသားတွေကို ရေထပ်ထည့်စရာမလိုပါ။
သူ့ရေနဲ့သူ ခမ်းသွားပြီး အသားလေးတွေ တင်းပြီး အစိမ်းနံ့ ပျောက်ပြီး မွှေးလာသည် အထိပါ။
ပြီးမှ အသင့်ဆေးထားတဲ့ ဆန်ကို ထည့်ပြီး ရောပြုတ်ပါ။
အဲ့နည်းအတိုင်း ပြုတ်ကြည့်ပါ။ အစိမ်းနံ့ အညှီနံ့ အတော်သက်သာပြီး မွှေးနေပါလိမ့်မယ်။

၂။ နောက်တနည်းက အရိုးဖြစ်စေ အသားဖြစ်စေ ပြုတ်မယ့်အိုးထဲမှာ ရေနဲ့ သေချာဆေးကြော သန့်စင်ပြီး ထည့်ပါ။
ပြီးရင် ရေကို အသား မြုပ်ရုံ ထည့်ပြီး သုံးမိနစ်ခန့် တည်ပေးလိုက်ပါ။
အနည်းငယ် ပွက်စပြုပြီး ပွက်ရေအပေါ်မှာ အနည်ဖတ်တွေ တက်လာတာ တွေ့ရပါလိမ့်မယ်။
အဲ့ဒီပထမရေကို အကုန် သွန်ပစ်လိုက်ပါ။ အရိုးနဲ့ အသားကို ရေနဲ့ သေချာ ပြန်သန့်စင် ဆေးကြောပြီးမှ ဒုတိယရေ ထည့်ပြီး ပြန်ပြုတ်ပါ။
အသားရဲ့အညှီနံ့ ပိုသက်သာပါလိမ့်မယ်။

၃။ နောက်ပြီး ဆန်ပြုတ် ပြုတ်မယ်ဆိုလျှင် သာမန်လူတွေ အတွက်ဆိုလျှင်တော့ ပုံမှန်ဆိုရင် ရှမ်းဆန်အကောင်း
စား (သို့) ပေါ်ဆန်းမွှေးအကောင်းစားကို ပိုမိုစေးပျစ်စေရန်အတွက် ကောက်ညှင်းဆန်နဲ့ လေးအချိုးတစ် (၄:၁)
စပ်ပြီး ပိုမွှေးအောင် လှော်ပြီးမှ ဖြစ်စေ ဒီအတိုင်း အဖြူထည်ဖြစ်စေ ပြုတ်ကြပါတယ်။
အစာအိမ်သမားများအတွက် ဆိုလျှင်တော့ ကောက်ညှင်းဆန်ကို မရောပါနဲ့။
ရိုးရိုးပေါ်ဆန်းအကောင်းဆုံးနဲ့သာ အဖြူထည်ပြုတ်ပါ။

၄။ အစာအိမ်သမားများအတွက် ဆန်ပြုတ်ပြုတ်လျှင် ငရုတ်ကောင်းမှုန့်တို့ ဂျင်းတို့ မထည့်ရပါ။
ကြက်သွန်ဖြူ ကြိုက်လျှင် ထည့်နိုင်ပါသည်။
ငရုတ်ကောင်းနဲ့ ချင်းက အပူအစပ်ဆိုတော့ အစာအိမ်နာတာကို အားပေးစေပါတယ်။

၅။ ဆန်ပြုတ်ပြုတ်လျှင် အိုးထဲကို ဆန်နဲ့ ရေတခါထဲ အများကြီး ထည့်မပြုတ်ရပါ။
ပုံမှန် ထမင်းပေါင်းအိုးတည်သလိုပဲ ရေကို ထည့်ပြီး တည်ပါ။
ရေခမ်းသွားရင် ရေနွေးလေး ထပ်ဖြည့်ပေးပါ။ ထပ်ခါထပ်ခါ ဖြည့်ပေးပြီး တဖြေးဖြေးပြဲ
လာရင် ဇွန်းနဲ့ဖြစ်စေ ကြက်ဥခေါက်တံနဲ့ဖြစ်စေ ဖိပြီး
ခေါက်ပြီး ကြေအောင် လိုက်ခြေပေးပါ။
ဒီနည်းက ဆန်စေ့တွေ အမြန်ကျေပြီး ပြဲပြီး ဆန်ပြုတ် အမြန်ကျက်တဲ့နည်းပါ။

၆။ ဆန်ပြုတ်ပြုတ်မယ်ဆိုလျှင် ရေနွေးအိုးတစ်လုံးတော့ အရင်တည်ထားပါ။
ရေထည့်ဖို့လိုတိုင်း ရေနွေးကိုသာ ထည့်ပါ။ ရေအေးကို မထည့်ရပါ။

၇။ အသားဆန်ပြုတ်ဆိုလျှင် အသားတွေ နူးအိပြဲလျှင် အိုးထဲက ဆယ်ပြီး နုတ်နုတ်စင်းပြီးမှ ပြန်ထည့်ပါ။

၈။ နို့ဆန်ပြုတ်ဆိုလျှင်တော့ ဆန်နဲ့ ရေကို အရင်ပြုတ်ပြီးမှ ပျစ်ပျစ်နှစ်နှစ် ကျိုချက်ထားတဲ့ နွားနို့ဖြစ်စေ သန့်ရှင်းလတ်ဆတ်တဲ့ နို့မှုန့်ဖြစ်စေ ထည့်ပြီးမှ အရသာအတွက် သကြားနဲ့ဆားကို ထည့်ပါ။

၉။ ပုံမှန်လူတွေဆိုရင်တော့ အသားဆန်ပြုတ်ထဲမှာ ကြက်သွန်နီဖြူ ဆီချက်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊
မုန့်ဖက်ခြောက်ကြော်၊ အီကြာကွေး စသဖြင့် ထည့်စားနိုင်ပါတယ်။
အစာအိမ်သမားများကတော့ ရိုးရိုးအဖြူထည်ပဲစားတာ ပိုသင့်တော်ပါတယ်
#ဟင်းချက်နည်းမှတ်စု See less

Credit : Facebook Shares

Ingredients

Directions