ကြက်သည်းမြစ်ဆီပြန်

ကြက်သည်းမြစ်ဆီပြန်ဟင်း..

1

ကြက်သည်းမြစ် ၅၀ သားဝယ်တာ အချင်းတိုင်ဥဒိန် ၃ ခု အပိုရလို.ဥဒိန်ပါထည့်ချက်လိုက်ပါတယ်။

မချက်ဖူးတဲ့ သူငယ်ချင်းတွေအဆင်ပြေအောင် ချက်နည်းလေးပါ

==========
ပါဝင်ပစ္စည်းများ
==========

ကြက်သည်းကြက်မြစ်- ၅၀ ကျပ်သား

ကြက်သွန်နီ - ၁ လုံး (ပါးပါးလှီး)

ကြက်သွန်ဖြူ - ၅ မွှာ (ပါးပါးလှီး)

ဂျင်း - လက်နှစ်ဆစ်ခန်.(ပါးပါးလှီး)

ငရုတ်သီးမှုန်.- လက်ဖက်ရည်ဇွန်း ၁ စွန်း

နနွင်းမှုန်.- လက်ဖက်ရည်ဇွန်း တစ်ဝက်

ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း

ကြက်သားမှုန်. - လက်ဖက်ရည်ဇွန်း ၁ စွန်းခွဲ

သကြား - လက်ဖက်ရည်ဇွန်း ၁ စွန်း

ဆီ- ဇွန်းကြီး ၂ စွန်း

ဆီသတ်ရွက်/ပျဉ်တော်သိမ်ရွက် - ၁ ခက်

မဆလာ - လက်ဖက်ရည်ဇွန်း ၁ စွန်း

==========
ချက်ပြုတ်နည်း
==========

အရင်ဆုံး ကြက်သည်းကြက်မြစ်ကို ရေစင်အောင်ဆေးပါ။

ကြက်သွန်ဖြူနဲ.ဂျင်းကို အရည်ရအောင် ဆုံထဲထည့်ထောင်းပါ။

ပြီးရင် ကြက်သည်းကြက်မြစ်ကို ထောင်းထားတဲ့ ကြက်သွန်ဖြူဂျင်းအရည်ရောအဖတ်ရော၊ငရုတ်သီးမှုန်.၊နနွင်းမှုန်.၊ငံပြာရည်၊သကြားတို.နဲ. သမအောင်နယ်ပြီး ခဏနှပ်ထားပါ။

ပြီးရင် ကြက်မြစ်များကို သီးသန်.ဖယ်ထားပါ။

တူတူချက်ရင် ကြက်မြစ်နူးချိန် ကြက်သည်းတွေ ကြေသွားလိမ့်မယ်။

ဒယ်ထဲဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်နီဆီသတ်ပါ။ကြက်သွန်နီ အနည်းငယ်နွမ်းလာရင် ကြက်မြစ်များကို အရင်ထည့်ပြီး လုံးချက်ပေးပါ။

ကြက်မြစ်များနူးတဲ့အထိ ရေထည့်ချက်ပါ။

ကြက်မြစ်များနူးပြီး ရေအနည်းငယ်ကျန်ရင် ကျန်တဲ့ ကြက်သည်းနှင့်ဥဒိန်များထည့်ပါ။

ဆီသတ်ရွက်ထည့်ပါ။

ကြက်သားမှုန်.ထည့်ပြီး ကြက်သည်းများကြေမသွားအောင် ဖြေးဖြေးမွှေပေးပါ။

ရေအနည်းငယ်ထပ်ထည့်ပြီး တည်ပေးပါ။

ကြက်သည်းမြစ်များ အားလုံးကျက်ပြီးဆီပြန်လာရင် မဆလာထည့်ပြီး အဖုံးအုပ်ပေးပါ။

အခုဆိုရင် အနံ.မွှေးပြီး ထမင်းမြိန်စေမယ့် ကြက်သည်းမြစ်ဆီပြန်ဟင်းကောင်းတစ်ခွက် ရပါပြီ
🙂 😉

kyaw min htwe

Credit: Facebook Share

Ingredients

Directions