ကြက်တောဟင်းလေး ချက်နည်း

1

အိမ်ကြက်................၁ခြမ်း

ကြက်သွန်နီ..............၃လုံး

ကြက်သွန်ဖြူ.............၅တက်

စပါးလင်...................၂ပင်(အဖြူရောင်အပိုင်းသာ)

ငရုတ်ခြောက်တောင့်....၇တောင့်ခန့်

ကြက်သားကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးလေးများတုံးပါ။

ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊အရောင်တင်မှုန့်(ငရုတ်စိမ်းမှုန့်)တိ့ုဖြင့်အရသာနယ်ပြီးနှပ်ထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ငရုတ်ခြောက်တောင့်တို့ကိုညှက်စေးနေအောင်ထောင်းပါ။

စပါးလင်၂ပင်ကိုဓားပြားရိုက်ပြီးထုံးချည်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီကိုအနည်းငယ်ထည့်ပြီးအပူပေးပါ။

ဆီပူလာလျှင်ထုံးထားတဲ့စပါးလင်ကိုဆီသတ်ပါ။

မွှေးလာလျှင်ထောင်းထားတဲ့ကြက်သွန်နှင့်ငရုတ်သီးအရောကိုထည့်ပြီးဆီသတ်ပါ။

နွမ်းပြီးမွှေးလာလျှင်အရသာနယ်ထားတဲ့ကြက်သားတွေထည့်ပြီးမွှေပေးပါ။

ကြက်သားရဲ့အပေါ်ယံကြောတွေအနည်းငယ်တင်းလာပြီဆိုရင်အဖုံးပိတ်ပါ။

ရေခမ်းတိုင်းရေအနည်းငယ်စီကိုအကြိမ်ကြိမ်ထည့်ပါ။

(တစ်ကြိမ်တည်းနှင့်ရေအများကြီးထည့်ခြင်းကိုရှောင်ကြဉ်ပါ)

ကြက်သားနှုးအိပြီးရေခမ်းသွားပြီဆိုမှစပါးလင်ထုံးကိုဖယ်ရှားပစ်ပါ။

အရသာရှိလှတဲ့ကြက်သားတောဟင်းပုံစံလေးပါ။

Credit : Facebook Shares

Ingredients

Directions