ကြက်ခြေနီ လက်ဖက်သုပ်နည်း

1

ချဉ်ငံစပ်နှပ်ထားသော လက်ဖက်အသား - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်

လက်ဖက်အကြော်စုံ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံး

ခရမ်းချဉ်သီးအစိမ်း - အနေတော် တလုံး

ဂေါ်ဖီ - အနေတော် ၂ရွက်

ပုဇွန်ခြောက် - အကောင်ကြီးကြီး ၂၀ခန့်

ကြက်သွန်ဖြူ - နှစ်သက်သလောက်

ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပဲဆီစိမ်း - ထမင်းစားဇွန်း နှစ်ဇွန်း

ဆား - လက်ဖက်ရည်ဇွန်း တဝက်

======
ပြင်ဆင်ပုံ
======

ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ

ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး အကွင်းလိုက် ခပ်ပါးပါးလှီးထားပါ

ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ

ဇလုံကျယ်ကျယ် တလုံးထဲမှာ လက်ဖက်အသားနှင့်အတူ လက်ဖက်အကြော်စုံ ဂေါ်ဖီ ခရမ်းချဉ်သီး ဆား နှင့်ဆီတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ

နယ်ပြီးတာနဲ့ပြင်မည့် ပန်းကန်ထဲ လက်ဖက်သုပ်ပြီးသားကို ခပ်ဖွဖွ ထည့်ပေးပါ

လက်ဖက်သုပ်ပေါ်မှ ပုဇွန်ခြောက်ကို ဖြူးပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူတို့ကို ပန်းကန်ထဲထည့်ပေးပါ

ကြက်ခြေနီ လက်ဖက်သုပ် ချဉ်ငံစပ်ကို ပန်းကန်ထဲ ထည့်ကာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့နှင့် တွဲဖက်ကာ လျှာဂျွမ်းပြန်အောင် စားသုံးနိူင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions