ကြက်ခြေထောက်၊ တောင်ပံသုပ်

1

ကြက်ခြေထောက်၊ တောင်ပံ၊ အသားအပြင် ဝက်သား၊ ဝက်ဆီဖတ်၊ သုံးထပ်သား၊ ပုစွန် အစရှိတာတွေကို ဒီနည်းနဲ့ သုပ်လို့ ရပါတယ်။

သုပ်မယ့် ကြက်ခြေထောက်နဲ့ တောင်ပံတွေကို သန့်စင်ပြီး ချင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက် အရသာ ထည့်ပြီး နူးအိနေအောင် ပြုတ်ပါ။

ငရုတ်သီး အနီ အစိမ်းတောင့်တွေနဲ့ ငပိစိမ်းစားဖျော်ကို နနွင်းထည့်ပြီး ရေနည်းနည်းနဲ့ ပြုတ်ပါ။

နူးရင် ငရုတ်သီးတောင့်တွေကို ရေညှစ်ဆယ်ပြီး ကြက်သွန်ဖြူ နှစ်မွှာလောက်နဲ့ ရောထောင်းပါ။

စောစောက ပြုတ်ထားတဲ့ ခြေထောက်၊ တောင်ပံတွေကို ပန်းကန်ထဲထည့်၊ ထောင်းထားတဲ့ ငရုတ်သီးတွေရောပြီး အိုးထဲကျန်တဲ့ ငပိစိမ်းစား ပြုတ်ရေတွေ ရောထည့်ပါ။

ဟင်းခတ်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည် ထည့်ပြီးတော့ သံပုရာရည် များများ ညှစ်ထည့်ပြီး နယ်လိုက်ရင် ရပါပြီ။

အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း ထပ်ညှပ်ထည့်ပါ။ နံနံပင် ကြိုက်ရင်လည်း ထည့်ပါ။

Credit : Kyaw Win

Credit : Facebook Shares

Ingredients

Directions