ကြက်ချိုချဉ်ကြော်နည်း

1

၁။ကြက်ရင်ပုံသား (၁)ပေါင်ခွဲ၊

၂။ကြက်သွန်မြိတ် (၃) ပင် ၊

၃။ငရုတ်ပွသီး ၁ တောင့်။

၄။ပဲပင် ပေါက် (၁)ခွက်၊

၅။ကြက်သွန်နီ (၁) ဥ ၊

၆။မုန့်နှစ်

ပြုလုပ်ရန်အတွက်............

ဂျုံမုန့် (၃)စားပွဲတင်ဇွန်း၊

ပြောင်းမုန့် (၂)စားပွဲတင်ဇွန်း ၊

မုန့်ဖုန့်ပေါင်ဒါ (၁)လက်ဖက်ရည်ဇွန်း ၊

ဆား (၁) လက်ဖက်ရည်ဇွန်း ၊

ငရုတ်ကောင်းမုန့် (၁/၄)လက်ဖက်ရည်ဇွန်း ၊

ရေအေးအေး (၁/၂)ခွက်

။။။။။။။။။။။။။

ချိုချဉ်ဆော့စ်ပြုလုပ်ရန်အတွက်............

ခရမ်းချဉ်သီးဆော့စ် (၅) စားပွဲတင်ဇွန်း ၊

ငရုတ်ဆီအချိုုူ (၄) စားပွဲတင်ဇွန်း ။

ဗနီကာရည် (၁) စားပွဲတင်ဇွန်း ၊

သံပုရာရည် (၁)စားပွဲတင် ဇွန်း၊

သကြား (၂) လက်ဖက်ရည်ဇွန်း၊

ရေ (၁)ခွက် ၊

ဂျင်း (၁)လက်၊

ပဲဆီ (၄)ခွက်နှင့်အထက်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြုလုပ်နည်းအဆင့်ဆင့်

(၁) ပထမဦးဆုံးချိူချဉ် ဆော့စ်ပြုလုပ်ရန်အတွက် ခရမ်းချဉ်သီးဆော့စ်၊ငရုတ်ဆီအချို။ဗနီကာရည်၊သကြား၊သံပုရာရည်၊ဂျင်းနှင့်ဆားအနည်းငယ်တို့ကို ခွက်တစ်ခွက်ထဲသို့ထည့် ရေနဲ့ဖျော်ပါ။

(၂) ပါဝင်သည့်ပစ္စည်းများ အားလုံးပျော်သွားအောင် သေသေချာချာလေးမွှေပေးပါ၊ဂျင်းဖတ်လေးကတော့ သူ့ရဲ့အရသာလေး ပါစေချင်လို့ပါ။ ပြီးရင် တော့ဆော့စ်ထဲက ပြန်ဖယ်ထုတ်ပါ။

(၃) နှံ့အောင် မွှေထားသော အချဉ် ရည်ဆော့စ်အိုးအား မီးဖိုပေါ်သို့တင်ပြီး အပူချိန်အနည်းငယ်နှင့် ၅ မိနစ်မှ ၇မိနစ်ခန့်ထားပါ။ ပြီးလျှင် မီးဖိုပေါ်မှ ချပြီး အအေးခံထားပါ။ ဂျင်းဖက်ကလေးများကို မဖယ်သေးပဲ အသုံးပြုကာနီးကာမှ ဖက်ထုတ်ပါ။

(၄) ကြက်သားအား အတုံးလေးများ တုံးပေးပါ။ အတုံးသေးရင် ချက်ရတာ ပိုမို လွယ်ကူတဲ့အတွက် အတုံးသေးသေးတုံးဖို့ တိုက်တွန်း ပေးပါရစေ။

(၅) မုန့်နှစ်ပြုလုပ်ရန်အတွက် ဂျုံမုန့် ၊ပြောင်းမုန့် ၊မုန့်ဖုတ် ပေါင်ဒါ၊ ဆား၊ငရုတ်ကောင်းမုန့်တို့အားခွက်တစ်ခွက်ထဲသို့ထည့်ပါ။

(၆) ထို့နောက် ခွက်ထဲသို့ ရေအေးတစ်ခွက်ထည့်ပြီး အခဲများအားလုံး ကြေသည့်အထိ မွှေပေးပါ။

(၇) မုန့်နှစ် စိမ်ထားသောကြက်သားတုံးများအား ခဏတဖြူတ် လောက်ပစ်ထားလိုက်ပါ။

(၈) ဟင်းသီးဟင်းရွက်များကို လှီးချွတ်ပါ၊။

(၉)ဒယ်အိုးအပြားထဲသို့ ပဲဆီထည့်ပါ။

(၁၀)ဆီပူထားသို့ ကြက်သားတုံးများ ထည့်သည့်အခါ အိုးအပြည့်အကျပ်ကြီးမထည့်ပါနဲ့ အဲဒါမှ ကြက်သားတုံး တွေတစ်ခုနဲ့တစ်ခု မကပ်ပဲ ကောင်းကောင်းကြော်လို့ ရမှ ဖြစ်ပါတယ်။

(၁၁) ကြက်သားတုံးထားတာ အကြီးအသေးပေါ် မူတည်ပြီး ကြော်ရတဲ့အချိန် ကွာနိုင်ပါတယ်။

(၁၂) ကြော်ထားတဲ့ကြက်သားတုံးများအား ဒယ်အိုးထဲမှ ဆယ်ပြီး စက္ကူခံထားသောပန်ကန်ပြားထားသို့ ထည့်ပါ။

(၁၃) ဒယ်အိုးထဲသို့ပဲဆီအနည်းငယ်ထည့်ပြီး ငရုတ်ပွသီးနှင့် ကြက်သွန်နီတို့ကို ကြော်ပါ။သုံးမိနစ်ခန့်ကြာလျှင် ကြက်သွန်မြိတ် ထည်ပါ။ကြက်သွန်မြိတ်ထည့်ပြီး တစ်မိနစ်ခန့်ကြာလျှင် ပဲပင်ပေါက်များထည့် စက္ကန့်သုံးဆယ်ခန့်ကြာလျှင် အအေးခံထားသော ဆော့စ်အရည်များလောင်းထည့်ပါ။

(၁၄)ဆော့စ်ထည့်ထားသော ဟင်းသီးဟင်းရွက်များအား နှစ်မိနစ်ခန့်ထားလိုက်ပါ။

(၁၅) ပြီးနောက် ကြက်သားကြော်များအား ထည့်ပြီးမွှေပါ။

(၁၆) ကြက်သားတုံးများ ချစ်စရာကောင်းတဲ့လိမ္မောရောင်လေး ပြောင်းသွားပါက ဒယ်အိုးကို မီးဖိုပေါ်မှ ချလို့ရပါပြီး။ ဒါဆို အသင့်စားသုံးလို့ရပါပြီးခင်ဗျာ။။။။။။။။။။။။။။။။။။

Crd

Credit : Facebook Shares

Ingredients

Directions