ကြက်ကုန်းဘောင်ကြီး

 ကြက်သားရင်အုံသားချည်း၃၀၀ဂရမ်၊
 ကြက်သွန်နီဥကြီး၁လုံး၊
 ကြက်သွန်ဖြူ၃မွှာခန့်၊
 ငရုတ်သီးအခြောက်၂တောင့်၊
 ဂျင်းလက်တစ်စစ်လောက်၊
 မုန်လာဥနီသေး၁ဥ၊
 ဆားအနည်းငယ်၊
 ပဲငံပြာရည်အပြစ်အနည်းငယ်
 အချိုမှုန့်အနည်းငယ်၊
 ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊(အဖြူမရရင် အမည်းကိုလဲ သုံးနိုင်ပါသည်)
 ကော်မှုန့်အနည်းငယ်နှင့် သကြားအနည်းငယ်တို့ လိုအပ်ပါတယ်ရှင်။
1

ကြက်သားရင်အုံသားကို ပါးပါးလှီးထားပြီး ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။

2

ကြက်သွန်နီဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ ကြက်သွန်ဖြူ ၃မွှာကိုလဲအခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။ မုန်လာဥနီသေး၁ဥကို အခွံခြစ် ရေဆေးပြီး အတုံးလေးများ တုံးထားပေးပါ။ ငရုတ်သီးအခြောက်တောင့် ၂တောင့်ကို ၄ပိုင်းဖြတ်ထားပါ။ ဂျင်းလက်တစ်စစ်လောက်ကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။

3

ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။ ဆီပူလာလျှင် ၄ပိုင်းဖြတ်ထားသော ငရုတ်သီးအခြောက်ကို ကြော်ပြီးဆယ်ထားပါ။ မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။အနည်းငယ်နွမ်းလာလျှင် ပါးပါးလှီးထားသော ကြက်သွန်ဖြူကိုထည့် ကြက်သွန်ဖြူနွမ်းလာရင် ဆယ်ထားပါ။

4

ပြီးလျှင် ဒယ်အိုးထဲသို့ ပါးပါးလှီးထားသော ဂျင်းကိုထည့်ပါ။

5

နယ်ထားသောကြက်သားကိုထည့်ပါ။

6

အသားနည်းနည်းကျက်လာတဲ့အထိ ကြော်ပါ။ ၅မိနစ်လောက်ဘဲနော်။

7

ပြီးရင်အနည်းငယ်နွမ်း၍မွှေးလျှင် တုံးထားသော မုန်လာဥနီကိုထည့်ပါ။

8

၂မိနစ်လောက် ဆီသပ်ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပေးပါ။

9

ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ ပဲငံပြာရေအနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်၊ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့် ကြော်ပြီးဆယ်ထားတဲ့ ကြက်သွန်ဖြူ ကြက်သွန်နီများ ငရုတ်သီးအခြောက်ကိုထည့်ပါ၊

10

ကြက်ကုန်းဘောင်ကြီးကြော်ရပါပြီရှင်။

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ကြက်သားရင်အုံသားချည်း၃၀၀ဂရမ်၊
 ကြက်သွန်နီဥကြီး၁လုံး၊
 ကြက်သွန်ဖြူ၃မွှာခန့်၊
 ငရုတ်သီးအခြောက်၂တောင့်၊
 ဂျင်းလက်တစ်စစ်လောက်၊
 မုန်လာဥနီသေး၁ဥ၊
 ဆားအနည်းငယ်၊
 ပဲငံပြာရည်အပြစ်အနည်းငယ်
 အချိုမှုန့်အနည်းငယ်၊
 ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်၊(အဖြူမရရင် အမည်းကိုလဲ သုံးနိုင်ပါသည်)
 ကော်မှုန့်အနည်းငယ်နှင့် သကြားအနည်းငယ်တို့ လိုအပ်ပါတယ်ရှင်။

Directions