ကြက်ကချင်ချက် (2)

စားမြိန်ပြီး ခံတွင်းတွေ့စေတဲ့ တိုင်းရင်သားဟင်းလျာလေး တစ်ခု ချက်ကြည့်ရအောင်ပါ။ ဒါကတော့ ဘယ်တော့မှ စားလို့ မရိုးတဲ့ ကြက်ကချင်ချက်ပါပဲ။ ကြက်သားမစားတဲ့လူ မရှိသလောက် ရှားတာမို့ အားလုံးအတွက် အဆင်ပြေမယ်လို့ မင်္ဂလာပါမိသားစုက မျှော်လင့်ပါတယ်။

1

ကြက်ကချင်ချက် ချက်ဖို့အတွက် အဓိက ရှာဝယ်ရမှာ ဖက်ဖယ်ရွက်ပါ။ ဖက်ဖယ်ရွက်ဟာ ကချင်စာတွေ အတွက် အဓိက ဟင်းခတ် အမွှေးအကြိုင်တစ်ခုပါ။ စူပါမားကတ်တွေနဲ့ ဟင်းရွက်သည် အချို့ဆီမှာ မေးဝယ်လို့ ရပါတယ်။

ပါဝင်သော ပစ္စည်းများ

ကြက်သား ၂၀သား (အရိုးပါ ကြိုက်နှစ်သက်သူတွေ အတွက် ထည့်ချက်ပါ)

ဖက်ဖယ်ရွက် တစ်စည်း

ငရုတ်သီးစိမ်း အနည်းငယ် (အစပ်ကြိုက်ရင် ပိုထည့်ပါ)

နံနံပင် အနည်းငယ်

ရှမ်းနံနံ အနည်းငယ်

ပင်စိမ်း အနည်းငယ်

စပါးလင် အနည်းငယ်

ဆား

ဂျင်း လက်တစ်ဆစ်

ဆီ အနည်းငယ်

ငါးငံပြာရည်

နနွင်း

===========
ပြင်ဆင်ပုံ
===========

၁။ ပထမဦးစွာ ကြက်သားကို ရေစင်အောင် ဆေးပါ။

၂။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဂျင်းတို့ကို ထောင်းဖို့ အတွက် အဆင်သင့်ပြင်ထားပါ။

၃။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဂျင်းတို့ကို ထောင်းပါ။ ဖက်ဖယ်ရွက် ၅-၆ ရွက်ကို ထောင်းထားပါ။

၄။ ထောင်းပြီးသား အရာတွေကို ကြက်သားနဲ့ ရောနယ်ပါ။

၅။ ကြက်သားကို ဆား၊ ကြက်သားမှုန့် ထောင်းထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ရောနယ်ပြီး ခဏနပ်ထားပါ။

========
ချက်ပြုတ်ပုံ
========

၁။ အိုးထဲကို ဆီအနည်းငယ် ထည့်ပြီး နနွင်းဆီသတ်ပါ။ ကချင်စာတွေဟာ ဆီသိပ်မသုံးပါဘူး။ ဒါကြောင့် ဆီသတ်ဖို့အတွက် နည်းနည်းပဲ သုံးပါ။

၂။ နနွင်းကို ဆီသတ်ပြီး နယ်ထားတဲ့ ကြက်သားတွေကို ထည့်ပါ။

၃။ ပါးပါး လှီးထားတဲ့ စပါးလင်ကို ထည့်ပြီး မွှေပါ။

၄။ အဆက်မပြတ် မွှေပေးပြီး ငါးငံပြာရည်ထည့်ပါ။ ခဏမွှေပြီး အနံ့လေး သင်းလာပြီဆိုရင်တော့ ရေထည့်ပြီး အုပ်ထားပါ။

၅။ ရေပွက်ပွက်ဆူလာရင်တော့ အသားနူးပြီလား ကြည့်ပါ။ မနူးသေးရင် ရေအနည်းငယ် ထပ်ထည့်ပြီး ပြန်အုပ်ထားပါ။ ၅မိနစ်လောက် နေရင် အနံ့မွှေးဖို့ အတွက် ထပ်ပြီး ခပ်မယ့် ဟင်းခတ် အမွှေးအကြိုင်
အရွက်တွေကို ထည့်ပါ။ ဒီနေရာမှာ ပြောဖို့ ရှိပါတယ်။ ဖက်ဖယ်ရွက်ပဲ ထည့်လည်း ရပါတယ်။ ကျွန်မတို့ကတော့ ပိုမွှေးတာ ကြိုက်တဲ့ အတွက် ရှမ်းနံနံ၊ နံနံပင်နဲ့ ပင်စိမ်းပါ ထည့်ပါတယ်။ ဖက်ဖယ်ရွက် မရနိုင်တဲ့ နေရာတွေမှာ ဒီသုံးမျိုးကို ခပ်ပါ။

၆။ အရွက်တွေ ခပ်ပြီးရင်တော့ အနံ့မွှေးပြီး အရသာလည်း ရှိတဲ့ ကြက်ကချင်ချက်လေးကို သုံးဆောင်လို့ ရပါပြီ။ အချဉ်ကြိုက်သူတွေ အတွက် ချဉ်စော်ကားသီးခြောက်လေးကို ထည့်ချက်လို့ ရပါတယ်။ ချဉ်ငံစပ်လေး ပိုဖြစ်သွားတာပေါ့နော်။

===========

MyFood Myanmar

Credit: Facebook Shares

Ingredients

Directions