ကျောက်ကျောဖျော်ရည်

1

ကျောက်ကျောဖျော်ရည် ( ၆ ခွက်မှ ၈ ခွက်စာ)

ကျောက်ကျောဖျော်ရည်ကို ဆိုင်တွေကလို အနံ့လေးဖြစ်ချင်ရင် ငှက်ပျောသီးအနံ့အရည်ကိုထည့်ရပါတယ်။ အဲ့တာကတော့ ဆိုင်တွေရဲ့လျှို့ဝှက်ချက်ပါပဲ။ ကျန်တာကတော့ ဖျော်ရတာ အရမ်းကိုလွယ်ပါတယ်။ ဖျော်သောက်ကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကျောက်ကျောအမည်း(grass jelly) - ၆၀၀ ဂရမ် (သို့) ၁ ပေါင် ၃ အောင်စ (သို့) ၃၀ ကျပ်သား
၂။ သကြား - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း
၃။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၄။ ငှက်ပျောသီးအနံ့အရည် (banana essence or banana extract ) - လက်ဖက်ရည်ဇွန်း ၄ ပုံတပုံ
၅။ ပင်ပွား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လဲရ)
၆။ ရေ - ၁ လီတာခွဲ
၇။ ရေခဲ
၈။ သံံပုရာသီး (သို့) သံပုယိုသီး - ၂ စိတ်
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ပန်းကန်အကြီးတခုထဲကို ရေထည့်ပြီး ပင်ပွားကို ဖြူးရျ်ထည့်ပါ။ ၁၀ မိနစ်လောက်ထားရင် ပင်ပွားများပွလာပါလိမ့်မည်။ ပွလာလျှင် ရေစစ်ထားပါ။
၂။ ရေ ၁ လီတာခွဲထဲကို သကြား နှင့်ဆား ထည့်ရျ် သကြားအရည်ပျော်အောင် မွှေပေးပါ။
၃။ ကျောက်ကျောကို အတုံးအသေးလေးတွေတုံးပါ။ (သို့) ခြစ်ဖြင့် ခြစ်ပါ။ (ခြစ်ဖြင့်ခြစ်လျှင် အမျှင်လေးတွေနဲ့ပိုပြီး သောက်လို့ကောင်းပါတယ်။) သံပုရာသီး ((သို့) သံပုယိုသီး ကိုအခွံအပါအဝင်အတုံးလေးတွေတုံးထားပါ။
၄။ သကြားရည်ထဲကို ကျောက်ကျော၊ ပင်ပွား နှင့် ငှက်ပျောသီးအနံ့အရည် တို့ကိုထည့်၊ အတုံးလေးတွေလှီးထားသော သံပုရာသီး (သို့) သံပုယိုသီးတို့ကိုထည့်ရျ် သမအောင်မွှေပါ။
၅။ ကျောက်ကျောဖျော်ရည်ကို ရေခဲလေးတွေထည့်ပြီး အေးအေးလေးသုံးဆောင်နိုင်ပါပြီရှင်။

Crd.EiSan See less

Credit : Facebook Shares

Ingredients

Directions