က်သား Spicy ဘူလ်ဂိုဂီ or ဝက်သား Gochu -Jang Bulgogi

1

“ဝက်သား Spicy ဘူလ်ဂိုဂီ or ဝက်သား Gochu -Jang Bulgogi “

မိတ်ဆက်ပေးမယ့် အစားအသောက်တစ်မျိုးကတော့
ကိုရီးယားချစ် ပရိတ်သတ်တို့ ကြားနေကျဖြစ်မယ့် ဝက်သား အစပ် ဘူလ်ဂိုဂီပဲ ဖြစ်ပါတယ် ။ အရသာရှိတဲ့ ဒီဘူလ်ဂိုဂီကို ဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ဝက်ဒူးသား ၅၀၀ဂရမ် ၊ ကြက်သွန်နီ ၁လုံး ၊ကြက်သွန်မြိတ် ၁စည်း ၊ နံနံပင် ၊ ဆား ၊ ငရုတ်သီးအနှစ် ၂ဇွန်း ၊ ငရုတ်သီးမှုန့် ၂ဇွန်း ၊ ပဲငံပြာရည် ၃ဇွန်း ၊ သကြား ၁ဇွန်း ၊ ပျားရည် ၁ဇွန်း ၊ cooking rice wine ၁ဇွန်း ၊ ကြက်သွန်ဖြူ(နုပ်နုပ်စင်း သို့မဟုတ် ထောင်း ) ၁ဇွန်း ၊ နှမ်းဆီ ၁ဇွန်း ~~~~
(လူကြီး ထမင်းစားဇွန်းနဲ့ ချိန်ဆပါမယ်)

အဆီပါတာနဲ့ အဆီ နည်းတဲ့ အပိုင်းကတော့ သူဟာနဲ့သူ ရှိတာပဲလေ ။
အသားလေးတွေ ပေါ်မှာ အဆီလေးတွေ ရှိနေတာကြောင့် ဒီအတိုင်း ကင်ကင် ၊ ဂျီဂယ်ထဲပဲ ထည့်ထည့် ၊ ဒီလို လတ်လတ်ဆတ်ဆတ် ကြော်စားလည်း အရသာရှိနေတာပါပဲ ။ တစ်လက်ဆုပ်လောက် ကော်ပြီး ပန်းကန်ထဲ ထည့်ထားလိုက်ပါတယ် ။
ပြီးရင် အနှစ်အရသာ ထည့်ရပါမယ် ။ ငရုတ်အနှစ် ၂ဇွန်း (ဒါ အဓိကပဲလေ ) ။ အများကြီး မဟုတ်ဘဲနဲ့ တင့်သင့်သလောက်ပဲ ထည့်တာလေ ။ ကြက်သွန်ဖြူ (နုပ်နုပ်စင်း)လည်း များများ ထည့် လည်း အရသာပိုရှိပါတယ် ။
ငရုတ်သီးမှုန့် ၃ဇွန်း ထည့်ပါမယ် ။ အရောင်လှဖို့ကလည်း အရေးကြီးသလို ရှုးရှုးရှဲရှဲ ဖြစ်ဖို့ကလည်း အရေးကြီးပါတယ် ။ပုံမှန်ကတော့ ပဲငံပြာရည်ကို ၃ဇွန်းထည့်ပါတယ် ။ နောက်မှ အရသာ မြည်းကြည့်ပြီး ပေါ့တယ် ထင်ရင် ထပ်ထည့်ပေါ့ ။ သကြားကို တစ်ဇွန်းဝက် လောက် ထည့်ထားပါတယိ ။ နည်းနည်း ချိုတဲ့ အရသာလေး လိုချင်တာမလို့ ပါ။Cooking rice wine(ဆန်အရက်) ၂ဇွန်းလောက် ထည့်ပါမယ် ။ ဒါကလည်း အချိုအရသာပဲ ထွက်တယ်ဆိုတာ သိတယ်မလား ။ မရှိရင် soju အစားထိုးပြီး သုံးလိုက်ပါ ။ငရုတ်ကောင်း နည်းနည်း ဖြူးပြီး နှမ်းဆီ နည်းနည်း ဆမ်းပေးပ်ါ ။ ပြီးရင် သေသေချာချာ နှံစပ်အောင် နယ်ပါမယ် ။ နောက်ဆုံးမှ ပျားရည် တစ်ဇွန်းလောက် ထည့်ပါမယ် ။ အရောင်တက်ဖို့အတွက် သူက လုပ်ဆောငိပေးပါတယ် ။ oligosaccharide ကို သုံးလည်းရပါတယိ ။

ပါဝင်မယ့် အသီးအရွက်တွေ ဖြစ်တဲ့ ကြက်သွန်နီ ကြက်သွန်မြိတ် တို့ကို လှီးထားပါမယ် ။ ဒူးသားရဲ့ အထူက လည်း ရှိနေတာကြောင့် နည်းနည်း ပါးမသွားအောင် သတိထား လှီးပေးထားပါနော် ။ အထူး
သဖြင့် ကြက်သွန်ကို တစ်ဝက်ပဲ ပိုင်းလိုက်ပြီးမှ အသင့်အတင့်အရွယ် အစား လှီးပေးလည်းရတယ်။
ကဲ လှီးပြီးရင် ရေခဲသေတ္တာထဲမှာ ၁နာရီထားမယ် ။
ခပ်ကျယ်ကျယ် အိုးထဲကို နယ်ထားတဲ့ ဝက်သားတွေ ထည့်ပြီး ခဏ ကြော်ပါမယ် ။ ဆီ မထည့်ထားတော့ အောက်ပိုင်း ကပ်နိုင်ပါတယ် ။ ဒီလိုအချိန်မှာ ဆော့လေးတွေ နည်းနည်းကျန်နေတဲ့ ပန်းကန်လုံးထဲကို ရေအနည်းငယ် ထည့်ပြီး နည်းနည်းကျင်းပေးပြီး soju ခွက် တစ်ခွက်စာလောက် ခုန ဝက်သားအိုးထဲကို ထည့်ပေးလိုက်ပါ
ဒါဆိုရင် အရည်လေး ထည့်လောက်တော့မှ လှလှပပ ကျက်လာတော့မှာပါ ။ ဆီထည့်လိုက်ရင် လွယ်လွယ်ကူကူ စားနိုင်မှာ ဆိုပေမယ့် ဆီ မထည့်ပဲ ရေထည့်လိုက်တာက ပိုစားကောင်းပါတယ် ။
ကျက်ပြီဆိုရင် သူ့အလိုလို ဒီလို အရည်လေးတွေလည်း ထွက်လာမှာပါ ။ မီးပြင်းပြင်း နဲ့ အရည်ခမ်းအောင် ကြော်ပေးပါ ။ အသီးအနံတွေရဲ့ အရည်တွေ ခမ်းမှ အရသာတက်မှာပါ ။
ကျက်ပြီဆိုရင် ပန်းကန်ပြားထဲထည့်ပြီး အပေါ်က နံနံပင်လေး အုပ်ပါမယ် ။ ကျွန်မ လည်း ဒီဟာနဲ့ တူတူစားဖို့ ဂေါ်ဖီထုပ် ပါးပါးလှီးထားပါတယ်။
ထမင်းနဲ့စားစား sojuနဲ့ အမြည်း စားစား ဘာနဲ့မဆို လိုက်ဖက်တဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ် ။ မိမိအကြိုက်ကိုလိုက်ပြီး ဗိုက်သား သုံးထပ်းသား ပေါင်သား ကြိုက်သလို အသုံးပြုနိုင်ပါတယ်
Tip : အနည်းငယ် စပ်တာ စားချင်တယ် ဆိုရင် ငရုတ်သီးမှုန့် ထပ်မထည့်ဘဲ ငရုတ်သီးတောင့်သာ ညှပ်ထည့်လိုက်ပါ ။ သေသပ်တဲ့ အစပ်အရသာကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။

Credit : Facebook Shares

Ingredients

Directions