ကော်ဖီနို့စိမ်းသာဂူပြင်

1

ကော်ဖီနို့စိမ်းသာဂူပြင် (ဘန်းအသေး ၁ခုစာအတွက်)

ကော်ဖီ ကြိုက်သူများအတွက် ကော အုံးနို့ကြောက်သူများအတွက်ကော အလွန်ကောင်းတဲ့ကော်ဖီနို့စိမ်းသာဂူပြင်လေးပါ။ သာဂူပြင် အပေါ်လွှာ အရသာက ကူလ်ဖီးမလိုင် အရသာလို ပါပဲ။ အရမ်း စားကောင်းပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ သာဂူစေ့ - ၁ ခွက် (အသေးဆုံး သာဂူစေ့)
၂။ သကြား - ၁ ခွက်
၃။ သကြားမပါသော Black coffee -၁ ခွက်
၄။ ရေ - ၁ ခွက် ခွဲ
၅။ နို့ဆီ - ၁ ဗူး
၆။ နို့စိမ်း - ၁ ဗူး ခွဲ
၇။ ဂျုံမှုန့်- ထမင်းစားဇွန်း ၃ ဇွန်း
၈။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ပြုလုပ်နည်း
၁။ သာဂူစေ့ကို ရေဆေးပြီး ရေပြန်စစ်ထားပါ။
၂။ အိုးအကြီးတခုထဲတွင် ရေ၊ ကော်ဖီ၊ ဆား ၊ သကြားတို့ကို ပွက်လာသည်အထိ တည်ပါ။
၃။ ပွက်လာလျှင် မီးဖိုကို medium heat မှာထားရျ် သာဂူစေ့များထည့်အဆက်မပျက် မွှေပါ။
၄။ ၁၅ မိနစ် (သိ ု့) မိနစ် ၂၀ အဖြူစံ သေးသေးလေးကျန်သော အချိန်တွင် မီးဖိုပေါ်မှ ချရျ် ဆီသုတ်ထားသော ဗန်းထဲထည့်ရျ် အအေးခံပါ။
၅။ သာဂူ အအေးခံထားချိန်တွင် အိုးကြီးကြီးတအိုးထဲတွင် နို့စိမ်း ၊ နို့ဆီ၊ ဂျုံမှုန့်တို့ကိုထည့်ရျ် ဂျုံမှုန့်သမသွားသည်အထိ ခလောက်ပါ။ ( နို့စိမ်းများဝေကျတတ်သောကြောင့် အိုးကြီးကြီးကို သုံးပါသည်။)
၆။ ပြီးလျှင် မီးအေးအေး တွင် တည်ပါ။ အဆက်မပျက် မွှေပေးပါ။ မိနစ် ၂၀ လောက်မွှေပြီးလျှင် နို့ဆီလို အပစ်အနေအထား ရလျျင် မီးဖိုပေါ်မှ ချရျ် အအေးခံထားသော သာဂူပေါ်သို့ညီညီညာညာ ဖြန့်ထည့်ပါ။
ရ။ oven ကို အပူချိန် အမြင့်ဆုံးမှာ ၃ မိနစ်ခန့်ဘာမှ မထည့်ပဲ အပူပေးထားပါ။
၈။ ထို့နောက် အမြင့်ဆုံးအပူချိန် ထားထားသော oven ထဲတွင် ၁၅ မိနစ် (သို့) မိနစ် ၂၀ ထည့် ဖုတ်ပါ။ (အပေါ်ယံ အလွှာ နည်းနည်းညို လာလျှင် ရပါပြီ။)
၉။ လုံးဝအေးသွားမှ သာဂူပြင်ကို လှီးပါ။ သုံးဆောင်နိုင်ပါပြီ။

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 15 ml = 1 tablespoon) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
#credit

Credit : Facebook Shares

Ingredients

Directions