ကောက်ရိုးမှိုပွင့်ရေစပ်စပ်ချက်

ဒီလိုဟင်းပွဲလေးချက်မယ်ဆိုရင်အနည်းငယ်ပွင့်နေတဲ့မှိုပွင့်မျိုးလေးတွေကိုရွေးချယ်တာကပိုပြီးအဆင်ပြေလှပါတယ်။အခြားမှိုပွင့်မျိုးအစားကိုလဲရွေးချယ်နိူင်ပါတယ်။အရသာကအလွယ်တကူစိမ့်ဝင်နိူင်တာရယ်၊နှုးညံ့မှုရယ်ကိုအလွယ်တကူခံစားရရှိစေနိူင်ပါတယ်။မှိုဆိပ်လျော့ပါးစေဖို့အတွက်ကန်စွန်းရွက်လေးထည့်ချက်ဖို့လည်းမမေ့ပါနဲ့။

1

ကောက်ရိုးမှိုပွင့်...............၁၅ ကျပ်သား

ကန်စွန်းရွက်..................၅ပင်

ခရမ်းချဉ်သီး..................၁လုံး

ကြက်သွန်နီ...................၁ခြမ်း

ကြက်သွန်ဖြူ.. ...............၅တက်

ငရုတ်တောင့်နီ................၅တောင့်

သဲ၊အမှိုက်တွေကိုသန့်စင်စေဖို့ဆားပါတဲ့ရေထဲမှာမှိုကိုအပွင့်လိုက်ရေဆေးသန့်စင်ပါ။မိမိနှစ်သက်တဲ့အရွယ်ဖြစ်အောင်မွှာခြမ်းပေးပါ။

ကန်စွန်းရွက် တွေကိုလည်းရေဆေးသန့်စင်ပါ။

ကြက်သွန်နီ၊ဖြူ၊ခရမ်းချဉ်သီးတွေကိုပါးပါးလှီးပါ။ငရုတ်သီးစိမ်းတောင့်နီကိုတော့ခပ်စောင်းစောင်းလှီးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်(ပါသည်ဆိုရုံလေး)ဖြင့်ကြက်သွန်ဖြူ၊နီတို့ကိုဆီသတ်ပါ။အနည်းငယ်မွှေးလာလျှင်ခရမ်းချဉ်သီးထည့်ပေါင်းပါ။

ခရမ်းချဉ်သီးနွမ်းလာပြီဆိုမှခပ်စောင်းစောင်းလှီးထားတဲ့ငရုတ်သီးစိမ်းထည့်ပါ။သန့်စင်ထားတဲ့မှိုတွေထည့်ပြီးဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာသွင်းပါ။

(၁)မိနစ်ခန့်အဖုံးအုပ်ထားပေးပါ။မှိုထဲကသတ္ထုဓာတ်ရည်တွေစိမ့်ထွက်လာပြီဆိုမှကန်စွန်းရွက်လေးထည့်ပြီးမွှေပေးပါ။

ငရုတ်ကောင်းမှုန့်လေးဖြူးပေးပါ။ထမင်းပူပူလေးနဲ့လိုက်ဖက်လှတဲ့မိုးရာသီဟင်းပွဲလေးကိုမြည်းစမ်းကြည့်ပါ။

Credit--- Win Naing Thein

Credit: Facebook Share

Ingredients

Directions