ကူဖီးလ်လုပ်နည်း

1

ပါဝင်ပစ္စည်းများ
နွားနို့ - ၅၀၀ မီလီ-လီတာ
နို့ဆီ - ၁၀၀ မီလီ-လီတာ
သရက်သီး - ၁ လုံး
သကြား - ၂ ဇွန်း (ထမင်းစားဇွန်း)
ကုံကမံ - အနည်းငယ်
ပြောင်းကော်မှုန့် - ၂ ဇွန်း (လ္ဘက်စားဇွန်း)
သစ်ကြပိုးမှုန့် - အနည်းငယ် (Optional)
Pistachio (သို့) သီဟိုဋ်စေ့ - အနည်းငယ်
အရင်ဆုံး နွားနို့ကို ကျိုမယ်။ ဈေးထဲ ရပ်ကွက်ထဲမှာ ရောင်းတဲ့နွားနို့ဆိုရင် ရေတွေထိုးထားနိုင်တယ်ဆိုတော့ ရေကုန်အောင် ကျိုပါ။ မလိုင်ဖတ်တွေ တက်လာရင်လဲ ရတယ်။
Ready Made နွားနို့တွေကို အသုံးပြုမယ်ဆိုရင်တော့ ရေခမ်းတဲ့အထိ ကျိုစရာမလိုဘူး။ အနည်းငယ် ပွက်လာပြီဆိုရင် ရပါပြီ
ခွက်တစ်ခုထဲကို နွားနို့အနည်းငယ်ထည့်ပြီး ကုံကမံ လေးငါးခက်ကို ထည့်ပြီး စိမ်ထားပါ။
ကုံကမံကို သုံးတာ အဝါရောင်ရရှိအောင်လို့သုံးတာပါ။
ဒန်ပေါက်တွေထဲမှာ ကုံကမံကို ထည့်ကြတယ်။
ဒီက ဒန်ပေါက်တွေထဲမှာတော့ ဆိုးဆေးအဝါတွေပဲ ထည့်ကြတာများပါတယ်။ ကုံကမံကို သိပ်ပြီး ထည့်သွင်းတာ သိပ်မရှိကြတော့ဘူး။
နောက် ခွက်တစ်ခုထဲမှာလည်း နွားနို့အနည်းငယ်ထည့်ပြီး ကော်မှုန့်ကို ရေဖျော်ထားပါ။
ပြီးရင် နွားနို့ပူပူထဲကို နို့ဆီ ရောပါ။
အချိုအနေတော် ကြိုက်တယ်ဆိုရင် နို့ဆီကို လျော့ထည့်ပါ။
ချိုချိုလေး စားချင်တယ်ဆိုရင်တော့ ပိုထည့်ပေါ့
ပြီးရင် ကုံကမံဖျော်ထားတာကို ထည့်မယ်ဒါကတော့ Pistachio လို့ပဲ သိတယ်... မြန်မာလို ဘယ်လိုခေါ်လဲဆိုတာ တကယ် မသိတာပါ။ City Mart မှာ အဲ့ဒိပဲလေးတွေ ရပါတယ်။
Pistachio ကို မသုံးချင်ရင်လဲ သီဟိုဋ်စေ့ကို လေးစိတ်ကွဲ ကြိတ်ထည့်လဲရပါတယ်။ အဆိမ့်အရသာအတွက်ပါ။
မထည့်ချင်ရင်လဲ ရပါတယ်။ပြီးရင် ကော်မှုန့်ဖျော်ထားတာကို ထည့်ပါကော်မှုန့်ထည့်လိုက်တာနဲ့ စေးပျစ်လာပါလိမ့်မယ်။
ကော်မှုန့်ကလဲ အနေတော်ပဲထည့်ပါနော်။ကော်မှုန့်တွေ များသွားရင် ပျစ်ချွဲချွဲနဲ့ စားမကောင်းတော့ဘူးမို့ပါ။
ဒီအဆင့်မှာပဲ ကူဖီးလ်ကို ခဲလို့ရနေပါပြီ။
အနံ့လေး ပိုမွှေးချင်ရင် သစ်ကြပိုးခေါက်မှုန့်လေး နည်းနည်းလေး ထည့်လို့လဲရပါတယ်။
ကြိုက်မှ ထည့်ပါ။ သစ်ကြပိုးခေါက်အနံ့ကို မကြိုက်ရင်လဲ မထည့်ပဲ နေလို့ရပါတယ်။ဒါဆို မိမိနှစ်သက်သလို ခွက်တွေ ၊ မိုတွေ သုံးပြီး ခဲလို့ရပါပြီ။
#crd

Credit : Facebook Shares

Ingredients

Directions