ကိုးရီးယားထမင်းလုံး

1

ကိုးရီးယားထမင်းလုံး
=============
Korean Rice Ball ဆိုတာ ကိုရီးယား ထမင်းလိပ်လိုပါပဲ ။ ထမင်းလိပ်လို အလိပ်မလိပ်တော့ပဲ ဘောလုံးပုံစံ အလုံး လုပ်ထားတာပါ ။ ပထမဆုံး မိမိထည့်ပြီး လုံးလိုသော ပစ္စည်းများကို အသင့် ပြုလုပ်ထားရပါမယ် ။ ကြိုက်နှစ်သက်ရာ အကုန် ထည့်လို့ ရပါတယ် ။
ကလေးများ အထူး ကြိုက်နှစ်သက် ကြပါတယ် ။

ပါ၀င်ပစ္စည်းများ

ထမင်းပူပူ
ကြိုက်ရာ အသားငါး - အမဲသား ၊ ကြက်သား ၊ ဝက်သား ၊ ပုဇွန် စသည်ဖြင့် (သေးသေးနုပ်နုပ်လေး စင်းထားပါ)
အသီးအရွက် - သခွားသီး ၊ မုန်လာဥနီ ၊ ပြောင်းဖူး ၊ ပဲစိမ်းအစေ့ (အသင့်ပြုပ်ပြီး ။ အသီးအနှံများကို သေးသေးနုပ်နုပ်လေး လှီးထားပါ)
ဆား - အနည်းငယ်
ဆီ - အနည်းငယ်
နှမ်းဆီ - အနည်းငယ်
နှမ်း - အနည်းငယ်

ပြုလုပ်နည်း

(အမဲသား ၊ ကြက်သား----စသည်ဖြင့်) ကြိုက်ရာ အသားငါး ကို သေးသေးနုပ်နုပ်လေးတွေဖြစ်အောင် ဓားဖြင့်စင်းပြီး အပေါ့အငံ ထည့်နယ်၍ ဆီအနည်းငယ် ထည့်ပြီးကြော်ကာ ဆီစစ်ထား ရပါမယ် ။
အသီးအရွက် (Vegetable) ကိုလည်း သခွားသီး ၊ မုန်လာဥနီ ၊ ပြောင်းဖူး ၊ ပဲစိမ်းအစေ့ (အသင့်ပြုပ်ပြီး) ကြိုက်နှစ်သက်ရာ ထည့်လို့ ရပါတယ် ။ ထည့်လိုသော အသီးအနှံများကို သေးသေးနုပ်နုပ်လေးတွေ ဖြစ်အောင်လှီးပြီး ဆီ အနည်းငယ် ၊ ဆား အနည်းငယ်မျှ ထည့်ကာ ပူတယ်ဆိုယုံမျှ တစ်ချက်နှစ်ချက် မွှေကြော်ပြီး ဇကာဖြင့် ဆီ စစ်ထား ရပါမယ် ။
အဓိက ထမင်းပါပဲ ။ ချက်ထားပြီးကာစ ထမင်းပူပူထဲကို ဆားအနည်းငယ် ထည့်ပါ ။ နှမ်းဆီ အနည်းငယ် ဆမ်းပါ ။ နှမ်း အနည်းငယ် ဖြူးကာ ဖြေးညှင်းစာ ခပ်ဖွဖွလေး နယ်ပေးရပါမယ် ။ ထို့နောက် အပေါ့,အငံ အရသာ မြည်းကြည့်ကာ အရသာ အနေတော် ဖြစ်ပါက အလုံးလေးတွေ စပြီး လုံးလို့ ရပါပြီ ။
Rice-Ball အလုံးလေးတွေကို ကိုယ်ကြိုက်တဲ့ အရောင်လေးတွေ ဖြစ်အောင် လုံးလို့ရပါတယ်။
အစိမ်းရောင်အလုံး - ပြုလုပ်လိုပါက သခွားသီးနှင့် အသား တစ်မျိုးမျိုး ။
ပုံတွင် ပြထားသလို - ရေညှိနှင့် (ရယ်ရီမိတ်ငါးသေတ္တာဗူး) ကြိုက်နှစ်သက်သလို ပြုလုပ်လို့ရပါတယ်
***မှတ်ချက် - Rice Ball ပြုလုပ်သည့်အခါ ပလက်စတစ် လက်အိပ် ဝတ်ပြီး လုံးရပါမယ် ။ (လက်မှာ မကပ်နေစေရန်)
ကြော်ထားသည့် အသီးအနှံများ ဆီခြောက်အောင် စစ်ရပါမယ် ။လက်ဖြင့် ညှစ်ထုတ်လို့ ရပါတယ် ။ (ဆီမများစေရပါဘူး) ။ ဒါမှ ထမင်းက ပုံမပျက် အလုံးပုံလေး ဖြစ်နေမှ ဖြစ်ပါတယ် ။

Crd See less

Credit : Facebook Shares

Ingredients

Directions