ကိုးရီးယားကြာဇံကြော်

1

ကိုးရီးယားကြာဇံကြော်
Fried Sweet Potato Noodles >> Glass Noodles

ကိုးရီးယားကြာဇံကြော်ကို မသိခင်ကတော့ပဲကြာဇံလို့ဘဲထင်တာပေါ့နော်။တကယ်တမ်းလေ့လာကြည့်တော့မှကန်ဇွန်းဥကထုတ်ထားတဲ့ကန်ဇွန်းဥကြာဇံကိုသုံးပြီးကြော်ထားတာပါ။ပဲကြာဇံကဖြူပြီးကန်ဇွန်းဥကြာဇံကအနည်းငယ်ညိုပါတယ်။ကိုးရီးယားကုန်စုံဆိုင်များမှာရနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
ကန်ဇွန်းဥကြာဇံ - ၂၀၀ ဂရမ်
ကြက်သား/အမဲသား/ပုဇွန်
ကြက်သွန်နီ - တစ်ခြမ်း
မုန်လာဥနီ - တစ်စိတ်
ရှီတာခီမှို - ၅ပွင့်
ငရုပ်ပွနီ/စိမ်း- တလုံး
ကြက်ဥအနှစ် - နှစ်လုံး
ဟင်းနုနွယ်ရွက်/မုန်ညင်းစိမ်း- တစ်စည်း
ပဲငံပြာရည်အကြည် - ၅ဇွန်း
နှမ်းဆီမွေး - ၅ဇွန်း
နှမ်းလှော် - ၂ဇွန်း စားပွဲဇွန်း
ဆား-အနည်းငယ်
သကြား - နှစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြာဇံကိုရေနွေးပွက်ပွက်ဆူတွင်၇မိနစ်ပြုတ်ပြီးရေအေးလောင်းကာရေစစ်ထားပါ။
(၂)နှစ်သက်ရာအသားငါးပုဇွန်ကိုပြင်ဆင်ထားပါ။
(၃)မုန်လာဥနီကိုအမျှင်ချောင်းလေးများစိတ်ထားပါ။ရှီတာခီမှိုခြောက်ကိုရေစိမ်ပြီး ပါးပါးလှီးထားပါ။ငရုပ်ပွကိုအချောင်းေ လးများစိတ်ထားပါ။ကြက်သွန်နီအမြော င်းစိတ်ထားပါ။
(၄)ကြက်ဥအနှစ်ကိုခေါက်ပြီးအိုးအပူရှိန်အနည်းငယ်ဖြင့်ပါးပါးလေးအချပ်လိုက်ရအောင်ကြော်ပြီးအမျှင်လေးများစိတ်ထားပါ။
(၅)ဟင်းနုနွယ်ရွက်သို့မဟုတ်မုန်ညင်းစိမ်းကိုရေနွေးဖျောပြီးရေစစ်ထားပါ။ပုဇွန်ကိုလည်းရေနွေးဖျောထားပါ။အသားထည့်လိုပါကအရသာထည့်ပြီးကြော်ပေးပါ။
(၆)အားလုံးအသင့်ဖြစ်ပါကဇလုံတခုတွင်ပြုတ်ထားပြီးသောကြာဇံကိုထည့်ပြီးကပ်ေ ကြးဖြင့်အနည်းငယ်ညပ်ပြီးဖြတ်ပေးပါ။ဆားအနည်းငယ်ပဲငံပြာရည်တစ်ဇွန်းနှင့်နှမ်းဆီမွေးထည့်ပြီးသမအောင်မွေထားပါ။
(၇)ရေနွေးဖျောထားသောမုန်ညင်းရွက်ကိုလည်းပဲငံပြာရည်၊ဆီမွေးဖြင့်နယ်ပြီး ကြာဇံထဲထည့်ပါ။ပုဇွန်ထည့်ပါ။
(၈)ဒယ်အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာမှိုပါးပါးစိတ်ထားသည်ကိုထည့်ကြော်ပါ။ဆားအနည်းငယ်ထည့်ပါ။ပြီးလျှင်ဆယ်ယူပြီးကြာဇံဇလုံတွင်ထည့်ပါ။အထက်ပါနည်းအတိုင်းမုန်လာဥနီ၊ကြက်သွန်နီငရုပ်ပွတို့ကိုတမျိုးဆီကြော်ပြီးကြာဇံထဲသို့ထည့်ပါ။ကြက်ဥကြော်အမျှင်စိတ်ထားသည်ကိုထည့်ပါ။
(၉)အားလုံးကြော်ပြီးပါကလက်ကျန်ပဲငံပြာရည်နှင့်ဆီမွေးသကြားတို့ကိုထည့်ပြီးသမအောင်မွေပေးကာနှမ်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀သီးနှံနှင့်ကြာဇံတို့ကိုအားလုံးပေါင်းမကြော်ဘဲတခုဆီကြော်ထားတဲ့အတွက်အသီးအနှံများရဲ့အရောင်များဝါသွားခြင်းမရှိဘဲလှလှပပအရောင်စုံလေးရရှိမှာဖြစ်ပါတယ်။
...........

Crd. ဆိုဖီယာ

Credit : Facebook Shares

Ingredients

Directions