ကိုရီးယား အာလူးဟင်းရည်

1

“....... ကိုရီးယား အာလူးဟင်းရည်........”

ဒီလိုချိန်မျိုးမှာ လိုအပ်နေတဲ့ အားအင် နဲ့ အာဟာရတွေကို အပြည့်အဝပေးစွမ်းနိုင်မယ့် ဟင်းလျာတစ်မျိုးဖြစ်တဲ့ အာလူးဟင်းရည်ကို ကိုရီးယား နိုင်ငံသားတွေ ဘယ်လို အရသာရှိရှိ ချက်စားကြတယ် ဆိုတာ ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ် ....
အာလူး စွပ်ပြုတ် (ဝက်ရိုး) ကို ခုထိ ဝယ်စားနေတုန်းလား? အိမ်မှာ လုပ်စားရတာ ပိုအရသာရှိပြီး လွယ်ကူတာကိုရော သိပြီးပြီလား!! ဘာလို့မှန်းမသိပါဘူး အပြင်စာတွေ စားပြီးတာနဲ့ ဗိုက်မကောင်းဖြစ်တတ်တာနဲ့ပဲ အိမ်မှာပဲ လုပ်စားဖြစ်နေပါတယ် . ဒီစာလေးကို ဖတ်ပြီး တစ်ခါလောက် လုပ်စားကြည့်လိုက်ပါ ၊ အရသာရှိမှာ မလွဲမသွေပါပဲ!!!
ခပ်များများ ချက်ထားခဲ့တယ် ။ အရိုးလေးတွေ ကိုက်ရတာကိုက အရသာရှိနေတာ ။ ကဲကဲ ချက်စားဖို့အတွက်
ကျွန်မပြောတာကို ယုံပြီး လိုက်လုပ်ကြည့်လိုက်ပါတော့

(၂ယောက်စာ)
ဝက်ရိုး ၁၀၀၀ဂရမ် ၊ ကင်မ်ချီ တစ်ဝက် ၊ ပဲငပိ ၂ဇွန်း ၊ နှမ်းရွက် အနည်းငယ် ၊ ကြက်သွန်မြိတ် ၁ပင် ၊ ကြက်သွန်နီ တစ်ခြမ်း ၊ ကြက်သွန်ဖြူ များများ ၊ အာလူး များများ

အနှစ် : ငရုတ်သီးမှုန့် ၆ဇွန်း ၊ ပဲငံပြာရည် ၄ဇွန်း ၊ ကြက်သွန်ဖြူ (နုပ်နုပ်စင်း) ၂ဇွန်း ၊ ငရုတ်သီးအနှစ် ၂ဇွန်း ၊ ငရုတ်ကောင်း အနည်းငယ် ၊ စမုံနက် များများ

ဝက်ရိုးတွေကိုလေ အရင်ဆုံး သွေးတွေ ဆေးတာကနေ စရပါမယ် ။ ဒါကြောင့် ရေအေးအေးထဲကို စိမ်ထားပြီးမှ ချက်ရပါမယ် ။ အနည်းဆုံး ၃~၄နာရီလောက် ထားရပါမယ် ။ဒီလို စိမ်ထားတဲ့ အချိန်အတွင်းမှာ ရေလည်း ခဏခဏ လဲပေးရပါမယ် ။ ပြီးရင် ရေပွက်ပွက် ဆူတဲ့ ထဲကို ဝက်ရိုးတွေ ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုတ်ပြီး တဲ့နောက် ရေနောက်တစ်ကြိမ်လဲပြီး ပြန်ထပ်လုပ်ပါမယ် ။
**ရေဆူဆူထဲကို ထည့်ရပါမယ်နော် ~ စကတည်းက သွားပြုတ်လို့ မရပါဘူးနော် ။ရှိသင်တဲ့ အာဟာရဓာတ်တွေ ကုန်သွားပါလိမ့်မယ် **
ကြက်သွန်မြိတ် နဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို ထည့်ပြီး ခဏတည်ထားပါမယ် ။ ကြက်သွန်မြိတ်ကို နည်းတယ် ထင်လို့ ၂ပင်ထည့်လိုက်တယ်။ ကြက်သွန်ဖြူကိုတော့ အပေါ်ကနေ ဖြူးထည့်လိုက်ပါတယိ ။ ကြက်သွန်ဖြူကို ကြိတ်မထားဘဲ ဒီတိုင်း အတုံးလိုက် ထည့်လိုက်ပါတယ်
အရည်တွေ ပွက်ပြီဆိုရင် ပဲငပိထည့်ပြီး ဆက်ပြုတ်မယ် ။ ဒီလိုမျိုးနဲ့ ညှီနံ့ကို ဖျောက်မယ် ။ ပြီးရင် ဆန်အရက်လည်း အနည်းငယ် ထည့်မယ် ။ …..ဒီ နေရာမှာ ကျွန်မ ပြောချင်တာက အိုးနဲ့ Fry pan ကို ကြီးနိုင်သမျှ ကြီးကြီးလေး သုံးစေချင်တာပါ ။
ကျွန်မကတော့ လောဘ ကြီးတာနဲ့ ချက်နေတုန်းကို အကုန် ဝေကျကုန်တာပဲ ။
ပဲငပိ ထည့်ပြီး ပြုတ်နေတဲ့အတွင်း အနှစ်လုပ်ကြမယ်နော်။
အချိန်ရှိခိုက် လုံ့လစိုက်လေနော့်။ ပြီးရင် အနှစ်ကို မြန်မြန်
ကြိုပြီး ပြင်ဆင်ပြီး ထည့်လိုက်လေ ပိုကောင်းလေပါပဲ ။ ပါဝင်ပစ္စည်းချင်းချင်းလည်း ခဏ နှပ်ထားဖို့ အချိန်လိုတယ်လေ ။
ကဲကြည့်ပါဦး အရောင်ကို ….
သေသေချာချာလေး မွှေပေးလိုက်ရင် လှပတဲ့ အနီရောင် အနှစ်ရပါပြီ
အရင်ဆုံး ကျွန်မ အာလူး ထည့်ပါမယ်။
နောက်ဆုံးHighlightကတော့ ကင်မ်ချီဖြစ်ပါတယ် ။ ကင်မ်ချီ တစ်ဝက်လောက် ထည့်ပါတယ် ။ ဂေါ်ဖီထုပ်တို့ တခြား ဘာညာ အရွက်လေးတွေ ထည့်တာတွေတော့ ကျော်လိုက်ပြီ ။ ထည့်ချင်လည်း ထည့်လို့ရပါတယ် ။ ပြီးခါနီးပါပြီ ...နောက်တစ်ဆင့်သွားကြရအောင်နော်
အနှစ်ထည့်ဖို့ပဲ လိုတော့ပါတယ် ။ အခု ၂နာရီ ၃နာရီလောက် ပြုတ်ထားရပါမယ် ။ အရိုးထဲကလည်း အရည်တွေ ထွက်ပါတယ် ။ ကင်မ်ချီလေးလည်း တစ်မြေ့မြေ့ ပျော်ဝင်နေပြီ ။ ဖြစ်နိုင်ရင် ကြာကြာ ပြုတ်လေ စားကောင်းလေပါပဲ ။
Perilla အပေါ်က ဖြူးပေးလိုက်ရင်ပြီးပြီ!! မဟုတ်သေးဘူး နှမ်းမွှေးရွက်လည်း ထည့်ပေးရဦးမှာ..
ကျွန်မ အမြဲတမ်း ပြောလေ့ ရှိတဲ့ စကားက ဟင်းတစ်ခွက်ရဲ့ အလှက အစိမ်းရောင်ပါလို့ !!! ဒါမှ ဟင်းက လှပ နေမှာပေါ့ !!လိုအပ်တဲ့ အရသာကိုတော့ ဆား သို့မဟုတ် ပုဇွန် ဆားစိမ် နဲ့ပဲ ထိန်းသွားပါမယ် ။ မုန်ညှင်း ဆော့စ် ရှိတယ်လေ ။ အဝါရောင် မုန်ညှင်း နဲ့ သကြား ပဲငံပြာရည် ရှာလကာရည်တို့ နဲ့ ပြုလုပ်ထားသော မုန်ညှင်း ဆောစ့်လေးကို တို့ပြီး စားကြည့်လိုက်ပါ ။ ကျွန်မတို့ ခန္တာကိုယ်အတွက် မကောင်းတဲ့ အငန်တွေ အရမ်းမစားပါနဲ့နော်
အရသာလည်းရှိ အားလည်းရှိတဲ့ အာလူးဟင်းရည်လေး နောက်ဆုံး စားချင့်စဖွယ် ရရှိသွားပါပြီ S

Credit : Facebook Shares

Ingredients

Directions